အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်း အရောင်းပြပွဲ ၂၀၁၇ ကို ဇွန်လ (၂၃) ရက်မှ (၂၅)ရက်အထိ မင်းဓမ္မလမ်း၊ MCC ခန်းမမှာ ကျင်းပခဲ့ပါတယ်။
Sponsored bylogo

House.com.mm နဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းကျင်းပတဲ့ အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်း အရောင်းပြပွဲ ၂၀၁၇ တွင် အိမ်ခြံမြေနဲ့ အသုံးအဆောင်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖိုးခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။



ဇွန်လ (၂၃) ရက်မှ (၂၅)ရက်အထိ မင်းဓမ္မလမ်း၊ MCC ခန်းမမှာ ကျင်းပခဲ့တဲ့ အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်း အရောင်းပြပွဲ ၂၀၁၇ ကို လာရောက်ကြည့်ရှုသူပေါင်း ၄၀၀၀ နီးပါးရှိကာ အမေရိကန်ဒေါ်လာ (၁၀)သန်း (မြန်မာကျပ်ငွေ ၁၃ ဘီလီယံခန့်) ကျော် တန်ဖိုးရှိ အိမ်ရာတိုက်ခန်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အိမ်ရာလုံခြုံရေးဆိုင်ရာပစ္စည်းများကို လက်ငင်းဝယ်ယူခြင်းနဲ့ ပွဲအပြီးမှာဝယ်ယူရန် ချိတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

House.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Nitesh Khirwal က "အိမ်ခြံမြေနဲ့ လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇ က တကယ့်ကို အောင်မြင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တဲ့အတွက် လာရောက်ကြည့်ရှုသူတွေ၊ ဝင်ရောက်ပြသတဲ့ ကုမ္ပဏီတွေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းပါဝင်ခဲ့သူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ပြပွဲကို လာရောက်ကြည့်ရှု့သူ (၄၀၀၀)ကျော်ရှိခဲ့ပြီး လက်ငင်းရောင်းချမှုနဲ့ ပွဲအပြီးမှာ ဝယ်ယူဖို့ ချိတ်ဆက်တာတွေ ပြုလုပ်ခဲ့တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်ဖိုး ရှိပါတယ်။ အခုလိုမျိုး ပြပွဲနဲ့ပတ်သတ်တဲ့ အောင်မြင်မှုက နောက်ထပ်ပြပွဲတွေ ပြုလုပ်ဖို့ ခွန်အားဖြစ်စေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အခြားမြို့ကြီးတွေမှာ ဒီလိုပြပွဲတွေ ပြုလုပ်သွားပါမှာပါ” လို့ ပြောပါတယ်။



အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇ သို့ လာရောက်ကြည့်ရှုသူများထဲမှာ အများစုက အိမ်ရာဝယ်ယူရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကြည့်ရှုခဲ့တာ တွေ့ရပြီး အဆိုပါအချက်ဟာ အိမ်ခြံမြေဈေးကွက် ပြန်လည်ဖွံ့ဖြိုးလာမယ့် အရိပ်အယောင်လည်း ဖြစ်ပါတယ်။

အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇ တွင် အိမ်ခြံမြေတိုက်ခန်းများသာမက အိမ်ရာချေးငွေပေးတဲ့ ဘဏ်၊ အိမ်ရာနဲ့သက်ဆိုင်တဲ့ အာမခံလုပ်ငန်းများ၊ အိမ်အလှဆင် ကုမ္ပဏီများ၊ နေအိမ်လုံခြုံရေးဆိုင်ရာပစ္စည်း ကုမ္ပဏီများ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ အိမ်ရာ ပရိဘောဂပစ္စည်းများ၊ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီများ ဝင်ရောက်ပြသ ရောင်းချခဲ့ကြောင်းလည်း သိရပါတယ်။

ပြပွဲကို လာရောက်ကြည့်ရှုသူများအနက် ၉၀ ရာခိုင်နှုန်းခန့်မှာ နေအိမ်လုံခြုံရေးကင်မရာ (CCTV) များနဲ့ အလိုအလျှောက် အဖွင့်အပိတ်ပြုလုပ်နိုင်တဲ့ တံခါး (Automatic Gate) များကို စိတ်ပါဝင်စားတာ တွေ့ရကြောင်း CCTV နှင့် Automatic Gate များတင်သွင်းရောင်းချသည့် ဗိုလ်ပုဂံကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးသန့်တင်က ဆိုပါတယ်။



“စိတ်ဝင်စားပါတယ်။ ရာခိုင်နှုန်း အနေနဲ့ဆိုရင် ၉၀ ရာခိုင်နှုန်း လောက်ကို စိတ်ဝင်စားကြတယ်။ တပ်ပြီးသား CCTV တွေအတွက် Service ပြုလုပ်ပေးနိုင်မလား မေးတဲ့သူတွေရှိသလို မတပ်ဆင်ရသေးတဲ့သူတွေနဲ့လည်း တပ်ဆင်ဖို့ အတွက် သဘောတူမှု တွေယူဖြစ်တယ်။ Security အတွက်လည်းဖြစ်တယ်။ Automatic Gates တွေဆိုရင်လည်း တကယ့်ကို အသုံးဝင်တဲ့အတွက်  ကွန်ဒို၊ တိုက်ခန်း တွေမှာ နေတဲ့သူတွေတောင် ဝင်ရောက်လေ့လာတာတွေ့ရပါတယ်” ဟု ၎င်းက ပြောပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှာလည်း အိမ်ရာစုဆောင်းငွေစာရင်း (Housing Saving Account) ဖွင့်လှစ်သူ (၁၀၀) ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ ဆောက်လုပ်ရေးဘဏ်နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းပြသတဲ့ ပြခန်းမှာလည်း တန်ဖိုးနည်းတိုက်ခန်းများနဲ့ အိမ်ရာ အရစ်ကျချေးငွေစနစ်ကို လာရောက်လေ့လာသူများ များပြားခဲ့ပါတယ်။ ဆောက်လုပ်ရေးဘဏ်က ပြခန်းကိုလာရောက်လေ့လာသူတွေအတွက် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

အိမ်ခြံမြေနှင့် လူ့အသုံးအဆောင်ပစ္စည်းပြပွဲ ၂၀၁၇ မှာ House.com.mm က ဦးစီးကျင်းပတဲ့ တတိယအကြိမ်မြောက် အိမ်ခြံမြေပြပွဲဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့မှာလည်း လာရောက်ကြည့်ရှုသူ (၁၆၀၀၀) ကျော်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၅) သန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က