သားညီက အစ်ကိုဖြစ်သူ ဒွေးရှိစဉ်တုန်းက အနုပညာလောကမှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံနဲ့ ဒွေးမရှိတော့တဲ့နောက်မှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ ဒွေးအတွက် အမှတ်တရ နေ့တွေတိုင်းမှာလည်း အလှူလုပ်ဖြစ်ပါတယ်တဲ့။
Photo: Thar Nyi
သရုပ်ဆောင်၊ ဒါရိုက်တာ သားကြီးက တစ်ချိန်က နာမည်ကျော်မင်းသား ဒွေးရဲ့ ညီအရင်းတစ်ယောက် ဖြစ်ပါတယ်။ ဒွေးရှိစဉ်အချိန်ကတည်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တာဖြစ်သလို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လူတွေရဲ့ အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
‘’ကျွန်တော်ဆိုလည်း တကယ့် ဒိတ်ဒိတ်ကြဲမင်းသားရဲ့ ညီပေါ့ဗျာ။ အစ်ကိုရှိတုန်းက ကျွန်တော့်ကို ဆက်ဆံကြတဲ့ပုံစံက တစ်မျိုး၊ အစ်ကိုမရှိတော့တဲ့နောက်ပိုင်း ကျွန်တော့်ကို ဆက်ဆံကြတဲ့ ပုံစံက တစ်မျိုးပေါ့။ ဒါပေမယ့် အဲဒါကို စိတ်ဓာတ်ကျနေလို့ မရဘူးပေါ့။ ကိုယ့်ဘာသာကိုယ် တည်ဆောက်ရတာပေါ့။ ဒီလိုပါပဲ လောကက’’ လို့ သူကဆိုပါတယ်။
Photo: Thar Nyi
ဒီလို ပြောင်းလဲတတ်တဲ့လူတွေကြားမှာ အနုပညာအလုပ်တွေကို ပိုပြီးတော့ ကြိုးစားလုပ်ကိုင်ချင်စိတ်ဖြစ်လာတယ်လို့ သူကဆိုပါတယ်။
‘’အဲဒါတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ အရောင်ပြောင်းတဲ့ လူတွေကို ပြန်ပြီးတော့ အရောင်ပြန်ပြောင်းလာအောင် ကိုယ့်ဘာသာကိုယ် လုပ်ယူရတာပေါ့’’ ဆိုပြီးတော့ ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Thar Nyi
သားညီဟာ ဒွေးရဲ့ မွေးနေ့၊ နှစ်ပတ်လည် စတဲ့ အမှတ်တရနေ့တွေမှာ အလှူတွေလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အစ်ကိုဖြစ်သူကိုလည်း ဒီနေ့ အချိန်ထိ ကွယ်လွန်ပြီးခဲ့ပြီလို့လည်း မသတ်မှတ်ထားဘူးလို့ သူ့ရင်ထဲက ခံစားချက်ကို ထုတ်ပြောပြလာပါတယ်။
‘’သူ့မွေးနေ့ကျမှ ထလုပ်တာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ ကျွန်တော် ကြုံရင် ကြုံသလို လုပ်ပေးတယ်။ Facebook မတင်ဖြစ်တာပဲ ရှိတာပါ။ ဒါကလည်း ဖေ့စ်ဘွတ်မှာက ကောင်းတာပြောတဲ့သူတွေရှိသလို မကောင်းတာပြောတဲ့သူတွေလည်းရှိတယ်။ ကျွန်တော် ကြုံရင် ကြုံသလို သူ့အတွက် ကောင်းမှူကုသိုလ်လုပ်ပေးတယ်။ သူ့ဆီသွားတယ်၊ စကားသွားပြောဖြစ်ပါတယ်။ ကျွန်တော့်ရင်ထဲမှာ သူရှိနေတုန်းပဲ မေမြို့မှာ ကားသွားရိုက်နေတယ်’’ လို့ ဆိုပါတယ်။
Photo: Thar Nyi
သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။