MBA Society အဖွဲ့ကကျင်းပတာပါ။

ကန်တော်ကြီး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ ရိုးရာရေကစားမဏ္ဍပ်တွေ ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo- ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်



သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်ကနေ သင်္ကြန် အတတ်နေ့ ဧပြီလ ၁၆ ရက်အထိ ရန်ကုန်မြို့ ကန်တော်ကြီး (Western Park) စားသောက်ဆိုင် အရှေ့နား၊ ဆင်ဖြူရုပ်တွေ အနီးမှာ ကျင်းပသွားမှာ ဖြစ်ပြီး MBA Society အဖွဲ့က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

“လမ်းလျှောက်သင်္ကြန်ရဲ့ Taste လေးရအောင်  စတုဒီသာတွေ ပါမယ်။ရေပက်မဏ္ဍပ်ငယ်တွေမှာ ရိုးရာမပျက် ဖလားနဲ့ ပက်ရအောင် စီစဉ်ပေးထားတယ်။ လေးရက်လုံးမှာ Band တွေနဲ့ ဖျော်ဖြေရေးတွေ ပါမယ်”လို့ ပွဲကျင်းပရေးတာဝန်ရှိသူ ကို သိန်းဝင်းက Duwun ကိုပြောပါတယ်။

မိသားစုအလိုက် လာရောက်လည်ပတ်လို့ရအောင် ကစားကွင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ အခြားစိတ်ဝင်စားဖို့ ကောင်းတဲ့အစီအစဉ်တွေကိုလည်း ထည့်သွင်း သွားမယ်လို့သိရပါတယ်။

JIT Music Bamd နဲ့အတူ တေးသံရှင်တွေ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပြီး ဖျော်ဖြေရေးဇုံကို အရိပ်ကောင်းတဲ့ နေရာမှာ ထားရှိသွားပြီး လာရောက်နားဆင်သူတွေအတွက် အေးနေအောင် ရေပန်းတွေ တပ်ဆင်ထားပေးမယ်လို့လည်း သိရပါတယ်။

ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်ကို ပြီးခဲ့တဲ့နှစ်က စတင်ကျင်းပခဲ့ရာ အခုဆို နှစ်ကြိမ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။

အခုနှစ် ရန်ကုန်သြက်န်မှာတော့ လမ်းလျှောက်သင်္ကြန် ငါးခုကို ကျင်းပသွားမှာ ဖြစ်ပြီး ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်၊ ဦး ဥတ္တမပန်းခြံ လမ်းလျှောက်သင်္ကြန်၊ မဟာဗန္ဒုလပန်းခြံ လမ်းလျှောက်သင်္ကြန်၊ မြကျွန်းသာလမ်းလျှောက်သင်္ကြန်နဲ့ အင်းလျားလမ်း လမ်းလျှောက်သင်္ကြန်တို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က