နှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်းဗိုလ်ချုပ်ကြေးရုပ်နားမှာ ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၆ နာရီကျော်လောက်က အိမ်စီးကားတစ်စီး ယာဉ်မတော်တဆဖြစ်ပွားပြီး လမ်းလျှောက်လာသူ အမျိုးသမီး ၃ ဦးတိုက်မိရာ အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှုးရုံးကနေ သိရပါတယ်။

Photo- Zin Moe Fb


သက် ၂၀ အရွယ် ယာဉ်မောင်း လာဘ်ရင်ချန်းနား (ခ) လိုင်ရင်ချိုင်းနားဆိုသူမောင်းလာတဲ့ အိမ်စီးကား Honda CRV ယာဉ်ဟာ ဗိုလ်ချုပ်ကြေးရုပ်ဘက်ကို မောင်းနှင်လာစဉ် Dolphin စားသောက်ဆိုင်အကျေ်ာမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ညာဘက် ပလက်ဖောင်းပေါ်က ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ပြီး ပလက်ဖောင်းမှာ လမ်းလျှောက်နေတဲ့ အသက် ၅၀ အရွယ် ဒေါ်နုနုထွေး၊ အသက် ၆၀အရွယ် ဒေါ်ပြုးနဲ့ အသက် ၂၂ နှစ်အရွယ် မဖြူဖြူသီ ဆိုသူတို့ကို တိုက်မိခဲ့တယ်လို့ ယာဉ်မှုစစ်မှတ်တမ်းတွေအရသိရပါတယ်။


Photo- Zin Moe Fb

ယာဉ်တိုက်မှုကြောင့် မဖြူဖြူသီမှာ ဒဏ်ရာတွေရရှိခဲ့ပြီးနောက် အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပြီး ဒေါ်နုနုထွေးနဲ့ ဒေါ်ပြုံးတို့မှာ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့လည်းသိပါတယ်။

လက်ရှိတော့ ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ပွားစေသူ လာဘ်ရင်ချိုင်းနား (ခ) လိုင်ရင်ချိုင်းနားကို အရေးယူပေးဖို့ ဗဟန်းမြို့နယ်ကိုအမှုဖွင့်တိုင်ကြားထားတယ်လို့လည်း အမှတ် (၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က