လီဗာပူးနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့်ပါ။

လီဗာပူးနဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် လူမှုကွန်ရက်က တဆင့် လူမျိုးရေးခွဲခြားတိုက်ခိုက်ခံခဲ့ရတာပါ။

လီဗာပူးနဲ့ ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ သတင်းကိုကြား ပြီးအမေ မျက်ရည်ကျခဲ့ရတယ်လို့ ချဲလ်ဆီး ကစားသမား အေဘရာဟင်က ထုတ်ဖော်ပြောလာခဲ့တဲ့ အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။



အေဘရာဟင်အနေနဲ့ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ချဲလ်ဆီးလည်း ရှုံးခဲ့ရသလို သူကိုင်တိုင်လည်း လူမှုကွန် ရက်ကတဆင့် ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားခြင်းကိုခံခဲ့ရတာပါ။



“ အမေနဲ့စကားပြောတုန်းက သူငိုနေတာကို ကျွန်တော်ပြန်မြင်နေတယ်၊ ဒီရွံစရာကောင်းတဲ့ ပို့စ်တွေက တစ်ကယ်ကို မနှစ်မြို့စရာပါ။” လို့ အေဘရာဟင်က CNN သတင်းဌာနကိုပြောသွားတာပါ။

အေဘရာဟင်အနေနဲ့ လက်ရှိမှာတော့ ချဲလ်ဆီးအတွက် ကစားပေထားတဲ့ နောက်ဆုံး ၂ပွဲမှာ အသင်းအတွက် ၄ ဂိုးအထိသွင်းယူပေးထားနိုင်ပါပြီ။

“ ဒါက ဘယ်လိုမှ နှစ်လိုဖွယ်မကောင်းပါဘူး၊သားတစ်ယောက် လူမျိုးရေးခွဲခြားခံရတာ ဘယ်အမေက စိတ်ချမ်း သာမလဲ? ကျွန်တော့်အတွက်ကတော့ ကျင့်သားရနေပါပြီ၊ အဲ့လောက် ကျွန်တော့်ကို မထိခိုက်နိုင်ပါဘူး၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ကျွန်တော်နဲ့ မသိတဲ့သူတွေအတွက်တော့ ထိခိုက်နိုုင်ပါလိမ့်မယ်။” လို့ အေဘရာဟင် ကဆက်လက်ပြောပါတယ်။

နည်းပြ ဖရန့်လမ်းပတ်ကလည်း သူ့ကို အမြဲတမ်း ပခုံးဖက်ပြီး အားပေးပါတယ်၊ဒါက ဘဝရဲ့ လိုအပ်နေတဲ့ စိတ် လှုပ်ရှားဖွယ် အဖြစ်အပျက်တွေဖြစ်ပြီး ဒါတွေကို ရင်ဆိုင်ပြီး ရင့်ကျင့်ဖို့လိုတယ်လို့ အမြဲအားပေးဖြစ်တဲ့ အကြောင်းတွေကိုလည်း အေဘရာဟင်က ပြောခဲ့ပါသေးတယ်။

ချဲလ်ဆီးအသင်းကတော့ လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဝုလ်အသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ကစားဖို့ရှိနေပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က