ဗလန်စီယာနဲ့ပွဲအပြီး သတင်းထောက်ကို ပြန်ဖြေခဲ့တာပါ။

အသက် (၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဝုလ်ဗ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ အသင်းရဲ့ ကစားပုံအပေါ် ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာက မန်ယူအသင်းအနေနဲ့ တိုက်စစ်ကို ပိုမိုကစားသင့်တယ်လို့ ပြောဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်ကို လာရောက်ကစားတဲ့ အသင်းတွေဟာ သူတို့အသင်းအပေါ် ကြောက်ရွံ့မှုကင်းမဲ့နေပြီလို့ ပြောဆိုခဲ့ပါတယ်။

Photo : The Independent

 

ပွဲအပြီး အင်တာဗျူးမှာ အဲဒီလို ပြောဆိုခဲ့တဲ့အတွက် ပေါ့ဂ်ဘာကို နည်းပြမော်ရင်ဟိုက ဒေါသထွက်နေခဲ့ပါတယ်။ ဒါဘီနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲအပြီးမှာ ပေါ့ဂ်ဘာရဲ့ အင်စတာဂရမ်ပေါ် တင်ထားခဲ့တဲ့ ဗီဒီယိုကြောင့်လည်း မော်ရင်ဟိုကို ထပ်မံစိတ်ဆိုးစေခဲ့ပြီး အသင်းလေ့ကျင့်ရေးကွင်းမှာ သူတို့နှစ်ဦးရဲ့ ပြောဆိုဆက်ဆံမှုတွေက ပုံမှန်မဟုတ်တာကို အားလုံးတွေ့မြင်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး (၈၀၀၀)မြောက်ဂိုးကို သွင်းယူခဲ့တဲ့ ဂရစ်မန်းဇ် 

Photo : Daily Mirror

 

မော်ရင်ဟိုက ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးမှာမဟုတ်တော့ဘူးလို့ လူသိရှင်ကြား ပြောဆိုခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကို (၃-၁)ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာလည်း သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ပေါ့ဂ်ဘာက "ခင်ဗျားက ကျုပ်ကို သေစေချင် နေတာလား" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Photo : Big World News

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ ဗလင်စီယာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုမှု တစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ ပေါ့ဂ်ဘာက သူ့ကို လာရောက်မေးမြန်းမှုအပေါ်မှာ "ကျွန်တော့်မှာ ပြောခွင့်မရှိဘူးလို့ သူတို့ပြောထားတယ်" လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

Photo : MedioTiempo

 

ပေါ့ဂ်ဘာရဲ့ ပြန်လည်ဖြေကြားခဲ့မှုဟာ အသင်းအနေနဲ့ ပေါ့ဂ်ဘာကို မီဒီယာတွေရဲ့ မေးမြန်မှုကို ပြန်လည်ဖြေဆိုမှု မပြုလုပ်ဖို့ တားမြစ်ခဲ့တာလို့ ဖွင့်ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဗလန်စီယာနဲ့ပွဲအပြီးမှာလည်း ပေါ့ဂ်ဘာက သူ့ရဲ့ တွစ်တာမှာ အသင်းဖော်တွေကို အားပေးတိုက်တွန်းခဲ့ပြီး "ရှေ့ဆက်တိုက်ပွဲဝင်ကြစို့" လို့ ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က