ကွန်ဟိန်းမှာ သိန်းပေါင်း တစ်သောင်းနှစ်ထောင့်ငါးရာတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
ဓါတ်ပုံ- MOHA
ဖေဖော်ဝါရီ ၁၅ ရက်နေ့ မှာ ကွန်ဟိန်းမြို့နယ်၊ ပန်လုံကျေးရွာအနီးမှာ မူးယစ်ဆေးဝါး တားဆီးနိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မိုင်းစံမြို့မှ ကာလိမြို့ကို မောင်းနှင်လာတဲ့ ကားတစ်စီးအတွင်းကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တန်ယန်းမြို့နယ်နေသူမောင်းနှင်လာတဲ့ 5A/ …Surf ယာဉ်နဲ့ အိုက်ညီ တို့မောင်းနှင်လာတဲ့ 9F/အမျိုးအစား ယာဉ်တို့ကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ICE 20 ကီလိုနဲ့ အိုက်ညီတို့မောင်းနှင်လာတဲ့ မော်တော်ယာဉ်ပေါ်ကနေ ICE 30 ကီလို၊စုစုပေါင်း ၅၀ ကီလို (၁)ကီလိုကို ကျပ်သိန်းနှစ်ရာ့ငါးဆယ်နှုန်းနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ ကီလို ၅၀ အတွက် စုုစုပေါင်း ကျပ် သိန်းပေါင်း တစ်သောင်းနှစ်ထောင့်ငါးရာ ကို သိမ်းဆည်းရမိတာကြောင့် ကာလိနယ်မြေရဲစခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။