၂၀၁၈ခုနှစ် အကယ်ဒမီ ရွှေကြိုမောင်မယ်လေးတွေထဲမှာ အတွဲညီဆုံး အတွဲတစ်တွဲရှိပါတယ်။ သူတို့နှစ်ဦးက ဘုန်းမင်းနေလနဲ့သဇင်ထူးမြင့်တို့ အတွဲလေးပါ။ သူတို့စုံတွဲလေးဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိခဲ့တဲ့ စုံတွဲလေးဖြစ်ပါတယ်။
Photo : ဘုန်းမင်းနေလ
ဘုန်းမင်းနေလနဲ့သဇင်ထူးမြင့်တို့နှစ်ဦးဟာ ၂၀၁၈ခုနှစ် အကယ်ဒမီ ရွှေကြိုမောင်မယ်လေးတွေထဲမှာ အတွဲညီဆုံး စုံတွဲလေးဖြစ်သလို ပရိသတ်တွေရဲ့ အချစ်ကို ခံရတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူတို့နှစ်ယောက်က MTV ရိုက်ကူးမှုလေးတစ်ခုမှာ အတူတူပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။
Photo : ဘုန်းမင်းနေလ
သင်္ကြန်သီချင်းလေးတစ်ပုဒ်မှာ အကျႌဆင်တူလေးတွေနဲ့ အတူတူသရုပ်ဆောင်နေတာပါ။ သူတို့နှစ်ယောက်ရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးကိုလည်း ဘုန်းမင်းနေလက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားခဲ့ပါတယ်။ ပုံလေးတွေနဲ့အတူ ယခုလို စာသားလေးကိုလည်း ရေးသားထားတာတွေ့ရပါတယ်။
“အဝါရောင်လေးကဘယ်သူလည်းဘယ်ကလည်းကွယ် ဒီနေ့ Thingyan အတွက် shootingတစ်ခုမှာမောင်နှမနှစ်ယောက်ထက်ဆုံဖြစ်တယ် “ ဆိုပြီး ဘုန်းမင်းနေလက ပြောထားတာပါ။
Photo : ဘုန်းမင်းနေလ
သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလကလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ တက်သစ်စ အနုပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေး ဖြစ်ပါတယ်။
ခင်ဇာခြည်ကျော်အနေနဲ့ သားဖြစ်သူကို အနုပညာအလုပ်တွေ လုပ်စေချင်သလို ပညာတက်ပြီး တစ်ယောက် ဖြစ်စေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ ဘုန်းမင်းနေလက စင်ကာပူမှာ ပညာသင်ယူလျက်ရှိပြီး ကျောင်းပိတ်တဲ့အချိန်တွေမှာ မြန်မာနိုင်ငံပြန်လာပြီး အနုပညာအလုပ်တွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။
Photo : ဘုန်းမင်းနေလ
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါ တယ်လို့ သိရပါတယ်။