သေဆုံးအကောင်ရေ (၃၄)ကောင်ထိရှိနေပါပြီ။

ကနီမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဝက်များကူးစက်ရောဂါတစ်မျိုးကြောင့် သေဆုံးလျှက်ရှိနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းက စလို့ ဖေဖော်ဝါရီ (၁၂)ရက်နေ့ထိ သေဆုံးအကောင်ရေ (၃၄)ကောင်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ကူးစက်ရောဂါကြောင့် အခုလိုအများအပြားသေဆုံးရတာဖြစ်ပြီး ဘာရောဂါဲဆိုတာကိုတော့ ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

“ ဒီနေ့တော့ သေတာမရှိသေးဘူး။ မနေ့ကထိတော့ အားလုံးပေါင်း သေဆုံးအကောင်ရေ (၃၄)ကောင်ရှိတယ်။ သေသွားတဲ့ အကောင်တွေမှာ အရေပြား ရဲတာတွေဖြစ်တာတော့ရှိတယ်။ တချို့အကောင်တွေကလည်း နေမကောင်းလို့ ဆေးကုသနေရင်းသေတာ။ တချို့ကလည်း အစာစားနေရင်းကနေ ချက်ချင်းသေတာတွေရှိတယ်။ အခုလို အများအပြားသေတာဆိုတော့ ဒါက ကူးစက်ရောဂါလို့ပြောလို့ရပါတယ်။ ဘာရောဂါလဲဆိုတာတော့ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ထားတယ်။ ခုထိတော့ အဖြေမသိရသေးဘူး” လို့ ကနီမြို့နယ် တီမွေးကုဦးစီးမှူး ဒေါက်တာ ထွန်းလင်းကDuwun ကိုပြောပါတယ်။ 

ကူးဆက်ရောဂါရဲ့အဖြေကိုသိရဖို့အတွက် မန္တလေးတိရစ္ဆာန်ဓာတ်ခွဲခန်းကို လိုအပ်တာတွေပို့ဆောင်ပြီး ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်ထားတယ်လို့ ဒေါက်တာထွန်းလင်းကဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ ဝက်တွေကို ပြည်သူတွေအနေနဲ့ မစားသုံးကြဖို့နဲ့ မရောင်းချဖို့အတွက်ကို ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဝက်သေဆုံးမှုတွေက ခြံတစ်ခုတည်းမှာပဲ အကောင်ရေ စုပြုံပြီး သေနေတာတွေလည်းရှိတယ်လို့ ကနီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။ 

Share

Loading Next Article...
က္က