အရေးယူမယ်လို့ဆိုပါတယ်။

၂၀၁၉ခုနှစ် သင်္ကြန်ကာလပိတ်ရက်တွေမှာ ကားလက်မှတ်တွေကို ပုံမှန်ဈေးနဲ့ မရောင်းချဘဲ ဈေးနှုန်းမြှင့်တင် ရောင်းချတယ်ဆိုရင် အရေးယူမှုတွေပြုလုပ်မယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက မတ်လ ၂၄ ရက်နေ့ မှာ ကြေညာပါတယ်။


Photo - စားသုံးသူရေးရာ ဦးစီးဌာန

သင်္ကြန်ကာလအတွင်း ခရီးသွားလာသူတွေအတွက် ကားလက်မှတ်ဝယ်ယူလို့မရတာတွေနဲ့ လက်မှတ်ခဈေးနှုန်းများ ပိုမိုပေးဆောင်ရခြင်းတွေ မရှိစေဖို့အတွက် အဝေးပြေးဂိတ်တွေမှာ အသိပေးပြောကြားထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနှစ်က ၂၀၁၈ ခုနှစ် သင်္ကြန်ကာလရုံးပိတ်ရက်တွေမှာ ခရီးသွားပြည်သူတွေဆီကနေ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားလာတဲ့ ကိစ္စတွေမှာယာဉ်စီးနင်းခကို သတ်မှတ်နှုန်းများထက် ပိုမိုတောင်းခံခြင်း၊ မူလဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်များအား သတ်မှတ်နေရာသို့ရောက်ရှိအောင် ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်အား အချိန်အတိအကျ ထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ဝယ်ယူရာတွင် ကြော်ငြာထားသည့် နေ့ရက်တွင် အမှန်တကယ်ဝယ်ယူရရှိမှု မရှိခြင်းတွေကို အများဆုံး လက်ခံဖြေရှင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက် ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ပြည်သူတွေအနေနဲ့လည်း အထက်ဖော်ပြပါ ကိစ္စရပ်တွေကြုံတွေ့ရရင် စားသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ပြီး စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က