၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
ဒီနှစ် သင်္ကြန်ကာလအတွင်းမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိခဲ့သူတွေအနက် ထက်ဝက်ကျော် အရေအတွက်ဟာ ယာဉ်မတော်တဆမှုတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးကနေ သိရပါတယ်။

ဒါ့အပြင် ယခင်နှစ်က ၂၀၁၈ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ အရေးပေါ်ဌာနကို လူနာ ၈၀၀ ကျော်ရောက်ရှိခဲ့ပေမယ့် ဒီနှစ် ၂၀၁၉ သင်္ကြန်ကာလအတွင်းမှာတော့ စုစုပေါင်း ၉၁၄ ရောက်ရှိခဲ့တယ်လို့လည်း ရန်ကုန်ဆေးရုံအုပ်က Duwun ကိုပြောပါတယ်။

"လူနာ ၂၇၀ လောက်က မော်တော်ကားမတော်တဆမှုနဲ့ ရောက်လာတာဖြစ်ပြီး ဆိုင်ကယ် မတော်တဆဖြစ်မှုက ၂၃၀ လောက်ရှိပါတယ်။ ကျန်တာကတော့ ခိုက်ရန်ဖြစ်ပွားတာနဲ့ ရေနစ်တာ၊ ဓါတ်လိုက်တာ၊ ပြုတ်ကျတာတွေပဲ ဖြစ်ပါတယ်"လို့ ရန်ကုန်ဆေးရုံကြီးရဲ့ဆေးရုံအုပ် ဒေါက်တာခင်သင်္ဂ ီမြင့်က Duwun ကို ပြောခဲ့တာဖြစ်ပါတယ်။

များသောအားဖြင့်တော့ ယာဉ်မတော်တဆမှုတွေဟာ ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးတဲ့ နေရာတွေမှာ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ဆေးရုံကြီးကိုရောက်ရှိခဲ့သူ ၆၀ ရာခိုင်နှုန်းလောက်ဟာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရာကနေ ရောက်ရှိလာခဲ့တာပါ။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ သင်္ကြန်ကာလအတွင်း ဝန်ထမ်းဦးရေကို ၂ ဆလောက်အထိ တိုးမြှင့်ချထားခဲ့ပြီး အရေးပေါ်လူနာတွေကို ကုသပေးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က