ငါးရက်တိတိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 အဆိုတော် နီနီခင်ဇော်က သင်္ကြန်ရက်အတွင်း ပရိသတ်တွေအတွက် ပျော်စရာ အစီအစဥ်လေး တစ်ခု ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

 

Photo : Ni Ni

နီနီခင်ဇော်က သင်္ကြန်ကာလအတောအတွင်း Covid – 19 ကြောင့် အိမ်ထဲမှာ နေနေရတဲ့ ပရိသတ်တွေ မပျင်းရလေအောင် အစီအစဥ်လေး တစ်ခု ဖန်တီးပေးထားပါတယ်။ အဲဒီအစီအစဥ်လေးကတော့ ဧပြီ(၁၂) ရက်နေ့ကနေ ဧပြီ(၁၆)ရက်နေ့အထိ ည(၇)နာရီခွဲချိန်တိုင်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သီချင်းတွေနဲ့ live ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။

Stay @ home Sing with me သင်္ကြန်တတွင်းလုံး ပရိသတ်တွေနဲ့အတူရှိနေဖို့ နီနီပြင်ဆင်နေပါတယ်။ နီနီရဲ့ သီချင်လေးတွေကို live နားထောင်လို့ ရမှာ ဖြစ်သလို Lucky Hand band က​လည်း Social Distancing တီးခတ်​ပေးပါလိမ့်မယ်။ ဒီအစီအစဥ်လေးကို နီနီရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေ သီးသန့်ပြသသွားမှာ ဖြစ်ပါတယ်” လို့ သူမရဲ့ ဧပြီ(၁၁)ရက်နေ့နေ့လည်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ကြေညာလိုက်ပါတယ်။

Photo : Ni Ni

နီနီရဲ့ Stay @ home Sing with me အစီအစဥ်လေးမှာ သီချင်းအသစ်တွေ ပါဝင်မှာ ဖြစ်သလို Cover Song သီချင်းလေးတွေကိုလည်း ပြန်ဆိုသွားမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။ သီချင်းတွေ ဖျော်ဖြေရင်းနဲ့ ပရိသတ်တွေအတွက် Covid -19 နဲ့ ပတ်သက်တဲ့ အသိပညာပေးလေးတွေ ပြောပြပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ကြန် ငါးရက်စလုံးကို ပုံစံမတူတဲ့ ဖျော်ဖြေမှုတွေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်လို့ ပ ရိသတ်တွေ စောင့်မျှော်ကြည့်ရှုဖို့လည်း ပြောထားပါသေးတယ်။

Photo : Dior

နီနီခင်ဇော်ဟာ သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။

Share

က္က