သရုပ်ဆောင်ခြူးလေးက သင်္ကြန်(၄) ရက်လုံး မယ်သီလရှင်ဘဝကို ခံယူပြီး တရားဘာဝနာများ ပွားများခဲ့တာ ဖြစ်ပါတယ်။
Photo : ခြူးလေး
သရုပ်ဆောင် ခြူးလေးက သာသနာ့ဘောင်ထဲကို ဧပြီ(၁၃) ရက်နေ့က ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်လေးရက်စလုံး အလိုတော်ပြည့်ကျောင်းတိုက်မှာ ဆရာလေးဒေါ်ဉာဏဘွဲ့ကို ခံယူပြီး တရားဘာဝနာများ ပွားများခဲ့တာ ဖြစ်ပါတယ်။ ခြူးလေးက သူ့ရဲ့ ပရိသတ်တွေအတွက် သာသနာ့ဘောင် ဝင်ချိန်က သူနာခဲ့ရတဲ့ တရားတွေကိုလည်း ယခုလို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။
Photo : ခြူးလေး
“ဒီနေ့ နာမိတဲ့ တရားလေး အမှတ်ရနေလို့ တင်လိုက်ပါတယ် “ မမေ့ပါနဲ့ သတိရပေးပါ “ ... တဲ့အာရုံ - ၅ ပါးမှာ ပျော်မွေ့ပြီး မေ့မနေပါနဲ့ .....ဒုစရိုက် အလုပ်တွေ လုပ်ပြီး မေ့မနေပါနဲ့ ဝိပဿနာ တရား အားထုတ်နေချိန် မှတ်စရာတွေကို မေ့မနေပါနဲ့ ....... တဲ့အဲ့ဒါကြောင့် .... အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ကမ္ဘာမှာ ရှိပါတယ်တဲ့ မြတ်စွာဘုရားက ဆေးတွေ အားလုံးထားခဲ့ပါတယ်တဲ့ ... မဂ္ဂင်ဖောင်ကြီးစီးပြီး နိဗ္ဗာန်ကို သွားဖို့လည်း သတိရပေးပါတဲ့။ သတိရရင် မျက်ရည်မလည်တာမဟုတ်ဘဲ သတိမရမှ မျက်ရည်လည်ရမှာတဲ့ ( လမ်းထိပ် မုန့်ဟင်းခါး ဆိုင်ကနေ နိဗ္ဗာန် မသွားဘဲ မဂ္ဂင် ဖောင်ကြီးစီး ပြီး နိဗ္ဗာန် သွားကြ ရအောင် လို့ )” လို့ ဆိုပြီး ဧပြီ(၁၇) ရက်နေ့ က ရေးသားထားတာပါ။
Photo : ခြူးလေး
သရုပ်ဆောင် ခြူးလေးက ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ သာသနာ့ဘောင်ထဲကနေ ပြန်ထွက်တော့မယ်လို့ သိရပါတယ်။ ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။