လင်းနို့အကောင်ပေါင်း ၁၁၇၆၅၀၀ တွေ့ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ လင်းနို့ဂူသဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ လင်းနို့ဂူမှာ လင်းနို့ကောင်ရေ ၁ သန်းကျော် ကျက်စားနေထိုင်ကြတယ်လို့ သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က သတင်းထုတ်ပြန်ပါတယ်။

Photo- WCS Myanmar

အဆိုပါ လင်းနို့ဂူမှာ လင်းနို့အကောင်ပေါင်း ၁၁၇၆၅၀၀ တွေ့ရှိခဲ့ပြီး ဌက်မျိုးစိတ် ၉၉ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ WCS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သစ်တောဦးစီးဌာနနဲ့ သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ လင်းနို့ဂူတွင် မှီတင်းနေထိုင် ကျက်စားနေတဲ့ လင်းနို့အကောင်အရေအတွက်ကို ရေတွက် လေ့လာဖို့နဲ့ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း အမှန်တကယ် တည်ရှိကျက်စား နေတဲ့ ငှက်မျိုးစိတ်တွေကို လေ့လာဖော်ထုတ်ဖို့  ဇန်နဝါရီ ၁၆ ရက်ကနေ ၁၉ ရက်အထိ သုတေသနပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo- WCS Myanmar

လင်းနို့တွေဟာ  အင်းဆက်ပိုးမွှားများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် သဘာဝကို အကျိုးပြုလျက်ရှိတဲ့ ဌက်အမျိုးအစားဖြစ်ပြီးအချို့မျိုးစိတ်တွေက အသီးအနှံတွေစားသုံးကာ သူတို့ရဲ့ မစင်မှတဆင့် အပင်သစ်ပြန်ပေါက်စေသောကြောင့် ဂေဟစနစ်အတွက် အကျိုးပြုသော နို့တိုက်သတ္တဝါဖြစ်တယ်လို့ WCS ကနေသိရပါတယ်။

Photo- WCS Myanmar

လင်းနို့ဂူ သဘာဝထုံးကျောက်တောင်မှာ လင်းနို့ကောင်ရေ များစွာ ခိုအောင်းနေထိုင်ကြပြီး ဘူမိဗေဒ ထူးခြားဖြစ်စဉ်များနှင့် ထူးဆန်းအံသြဖွယ်ရာ တည်နေရာတစ်ခုဖြစ်ခြင်း၊သစ်မျိုးစုံလင်စွာ ပေါက်ရောက်ခြင်း၊တောဆင်းရိုင်အပါအဝင်ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝခြင်း၊ ထူးခြားတဲ့ ပထဝီအနေအထား ရှိတာကြောင့်သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်ဖို့သင့်တဲ့နေရာဖြစ်တဲ့အပြင် ဒေသခံတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေ ကြည့်ရှု့ လေ့လာ အပန်းဖြေဖို့နှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာပေးလုပ်ငန်းများဆောင်ရွက်သင့်တဲ့ နေရာဖြစ်တာကြောင့် ''လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရေးစခန်း'' အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေသိရပါတယ်။

Share

Loading Next Article...
က္က