သူ့ရဲ့ ရှေ့နေက ပြောပြခဲ့တာပါ။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့ (သြဂုတ်လ၂၇ရက်)က တာမွေ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးထုတ်စစ်ဆေးမှုမှာတော့ အစ္စဏီတစ်ယောက် ကျန်းမာရေး ပြန်ကောင်းတဲ့ ပုံစံ တွေ့ရပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရှေ့နေကလည်း ပြောပြထားပါသေးတယ်။



ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော် အစ္စဏီကို ဒီနေ့ (သြဂုတ်လ၂၇ရက်)က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ယခင်ရုံးထုတ်တဲ့ အချိန်တုန်းက အစ္စဏီဟာ နေမကောင်းတဲ့ ပုံစံဖြစ်နေသလို သူ့ရဲ့ အကို ကိုကျော်စွာကလည်း ညီဖြစ်သူ နေမကောင်းဖြစ်နေကြောင်း မီဒီယာတွေမှာဖြေဆိုပေးခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်စစ်ဆေးမှုမှာတော့ အစ္စဏီတစ်ယောက် ကျန်းမာရေး ပြန်ကောင်းတဲ့ ပုံစံ တွေ့ရပါတယ်။ သူ့ရဲ့ ရှေ့နေ ကိုကျော်ဇင်ဦးကလည်း ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီလို့ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး တရားလို စူးရှထက်က ရုံးပြောင်းလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပြီး ယခုအခါမှာ မူလတာမွေမြို့နယ်တရားရုံးမှာပဲ ပြန်စစ်ဆေးပေးလျက်ရှိပါတယ်။လာမယ့် စက်တင်ဘာလ(၁၀) ရက်နေ့ ကျရင်လည်း ရုံးချိန်းရှိသေးတယ်လို့ အစ္စဏီရဲ့ ရှေ့ရင် ကိုကျော်ဇင်ဦးက ဆိုပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က