ဘေးကင်းဖို့လည်း ဆုတောင်းပေးနေပါတယ်တဲ့။

ဝေဒနာ ခံစားနေရတဲ့ သူတွေလည်း အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ဆုတောင်းပေးနေတယ်လို့ သူမက ဆိုပါတယ်။

 

Photo : Amazing Grace

မြန်မာနိုင်ငံတွင် Covid – 19 Positive လူနာ (၈)ဦးထိ ရှိလာပြီးနောက်မှာတော့ ဖွေးဖွေးက သူ့ရဲ့ ပရိသတ်တွေ အားလုံး ကျန်းမားရေး သတိရှိဖို့ကို စိုးရိမ်တကြီးနဲ့ သတိပေးလို့လာပါတယ်။

“သတိကြီးစွာ ​​နေ​ပေးကြပါ​တော့.အားလုံး​ဘေးကင်းဖို့ ​နေ့တိုင်း ဆု​တောင်းပါတယ် ရှင်.။ဝေဒနာခံစား​နေရသူများလဲ အမြန်ဆုံးသက်သာ​ပျောက်ကင်းပါ​စေ.၊စာ​တွေ​သေချာဖတ်​ပေးပါ။ နိုင်ငံခြားက ပြန်လာသူ... နိုင်ငံခြားသားများနှင့်အလုပ်လုပ်ကိုင်ရသူများ ပိုပါဝင်​နေပါတယ် ။ကာကွယ်ပါ Stay Home ၊ Positive Thinking ကသက်သက် ဂရုစိုက်စရာကို သတိရှိစွာဂရုစိုက်ရမှာက သက်သက်ပဲ​နော် အချစ်တို့​ရေ” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ မတ်လ(၂၈) ရက်နေ့ မနက်က ပြောထားပါတယ်။

Photo : Amazing Grace

ဖွေးဖွေးကတော့ လက်ရှိမှာတော့ အိမ်မှာနေပြီး သူမရဲ့ ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း ဂရုတစိုက်နဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတာတွေ့ရပါတယ်။ သူမကတော့ နိုင်ငံအတွက် ကြိုးစားပေးနေကြတဲ့ ဆရာဝန်တွေ၊သူနာပြုတွေနဲ့ နိုင်ငံဝန်ထမ်းတွေ၊အလှူရှင်တွေနဲ့ တာဝန်သိပြည်သူတွေ အားလုံးကိုလည်း လေးစားကြောင်း ဆက်လက်ပြောထားပါသေးတယ်။

Photo : Amazing Grace

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က