အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

Myanmar Idol Season 4 ရဲ့ Result show လာခါနီးမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူလိုက်ရတာ ဖြစ်ပါတယ်။

Photo : အောင်ကိုလတ်

Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူဂီတမှူး အောင်ကိုလတ်ကတော့ Result Show ကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး ။ ပွဲသို့လာခါနည်းမှာ အရေးပေါ်ဆေးကုသမှုတစ်ခုခံယူလိုက်ရတာကြောင့် ပွဲကို မတက်ရောက်နိုင်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ယခုလို ပြောပြထားပါတယ်။

“Myanmar Idol Season 4 ရဲ့ ပရိသတ်များခင်ဗျာ... ယနေ့ ရွှေထွတ်တင်ကို လာခါနီးမှာပဲ အရေးပေါ် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေပါတယ်။ ယနေ့ result showကို မတက်ရောက်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး... အားလုံးကိုတောင်းပန်ပါတယ်။ Top 5 ပြိုင်ပွဲဝင် ကလေးတွေကိုလည်း ဆေးရုံပေါ်ကနေဆုတောင်းပေးနေပါတယ် အားလုံးအဆင်ပြေကြပါစေ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ၁၃ရက်နေ့ည(၉း၁၀)မိနစ်ကရေးသားထားပါတယ်။

Photo : အောင်ကိုလတ်

ဆေးကုသမှုခံယူနေရတဲ့အောင်ကိုလတ်ကိုလည်း အမြန်ဆုံးပြန်လည် သက်သာလာစေဖို့ ဆုတောင်းစကားတွေ ပြောထားကြတာ တွေ့ရပါတယ်။

အဆိုတော် အောင်ကိုလတ်ရဲ့ ဂီတသက်တမ်းက နှစ်ပေါင်းတော်တော်ကြာနေပြီဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန်မှာလည်း ဂီတနဲ့ ပတ်သက်ပြီး အဆိုတော်အသစ်တွေကို မြေတောင်မြှောက်ပေးနေတဲ့သူတစ်ယောက်ပါ။

Share

Loading Next Article...
က္က