အနမ်းဟာ ကျန်းမာရေးကောင်းစေတယ်ဆိုတာ သိပါသလား။

ချစ်သူ ၊ ခင်သူတိုင်း တစ်ယောက်ကို တစ်ယောက် နမ်းလေ့ရှိပါတယ်။ နမ်းတယ်ဆိုတာ မြတ်နိုးကြင်နာခြင်းက လာတဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်။ နမ်းတဲ့သူကိုယ်တိုင်ကလည်း ကြည်နူးရသလို အနမ်းခံရတဲ့သူကလည်း ကျေနပ်ပျော်ရွှင်မှုတွေ ရရှိစေနိုင်တဲ့ အနမ်းဟာ ဒီလို ခံစားမှုတွေချည်း ပေးစွမ်းတာတော့မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသေးတယ်။



စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်

အနမ်းဟာ စိတ်ဖိစီးတာတွေ ၊ စိတ်ဓာတ်ကျတာတွေကို ကုစားပေးနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ အနမ်းကြောင့် လူတွေရဲ့ ဦးနှောက်အလယ်မှာရှိတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်ခုဟာ ထွက်ပေါ်လာပါတယ်။ အနမ်းခံလိုက်ရပြီ ၊ နမ်းလိုက်ပြီဆိုတာနဲ့ oxytocin ၊ dopamine နဲ့ serotonin စတဲ့ လူ့စိတ်ကို ပျော်ရွှင်မှုတွေ ၊ ချစ်ခင်မှုတွေ ခံစားရစေတဲ့ ဟော်မုန်းတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို လွင့်စင်စေရုံမက ပျော်ရွှင်မှုကိုပါ ပေးစွမ်းနိုင်တဲ့ အနမ်းပါ။

အချစ်တွေ ခိုင်မြဲစေတယ်

အနမ်းက တစ်ဦးနဲ့တစ်ဦးကို ပိုပြီး ချစ်ခင်သံယောဇဉ်တိုးစေပါတယ်။ သူငယ်ချင်းအချင်းချင်း ၊ မိသားစုဝင်အချင်းချင်း ၊ ချစ်သူအချင်းချင်း ပိုပြီး တွယ်တာလာတတ်အောင် အနမ်းက စွမ်းဆောင်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာစေတစေ

အနမ်းခံရတဲ့သူတွေ ၊ နမ်းတဲ့သူတွေဟာ ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ ထွက်နေသလို စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာတာမျိုးပါ။ ဒါ့ကြောင့် စိတ်ညစ်ညူးပြီး စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် လိုအပ်တာကတော့ အနမ်းတစ်ပွင့်ပါပဲ။

စိုးရိမ်ပူပန်မှုတွေ လျော့ကျစေတယ်

အနမ်းဟာ စိုးရိမ်ပူပန်နေတာတွေကိုလည်း လျော့ကျသွားစေပါတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ စိုးရိမ်နေချိန်မှာ လိုအပ်တာကတော့ အနမ်းပါ။ အနမ်းခံလိုက်ရချိန်မှာ ရရှိလိုက်တဲ့ ခံစားမှုက စိုးရိမ်မှုတွေကိုပါ ပျက်ပြယ်သွားစေပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

သွေးဖိအားနဲ့ ပတ်သက်ပြီးတော့လည်း ကောင်းမွန်စေတဲ့ အနမ်းက နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ အချိန်အခိုက်အတန့်လေးက အနမ်းကနေ ရရှိတာပါ။ နမ်းသူပဲ ဖြစ်ဖြစ် ၊ အနမ်းခံရသူပဲ ဖြစ်ဖြစ် နှလုံး ကျန်းမာရေးကောင်းမွန်စေတဲ့ အနမ်းက အချိုမြိန်ဆုံး လက်ဆောင်ထူးပါပဲ။

ကြွက်တက်တာတွေကိုလည်း သက်သာစေပါတယ်

ကြွက်တက်တာမျိုး ဖြစ်တတ်သူတွေအတွက် သတင်းကောင်းပါတယ်။ အနမ်းဟာ ကြွက်တက်မှုကို လျော့ပါးသက်သာစေပါတယ်။ သွေးဖိအားကို ကောင်းမွန်စေတဲ့ အနမ်းဟာ ကြွက်တက်တာမျိုးကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ရှိနေပါတယ်။

ခေါင်းကိုက် သက်သာစေတယ်

ခေါင်းကိုက်တာကို သက်သာစေတဲ့ နည်းတစ်မျိုးလည်း ဖြစ်ပါသတဲ့။ ဒီတော့ ချစ်သူ ခေါင်းကိုက်နေရင် အနမ်းနဲ့သာ သက်သာအောင် ဖြေဖျောက်ပေးလိုက်ပါ။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ အနမ်းနဲ့ သက်သာစေတဲ့ ခေါင်းကိုက်မှုကတော့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာမျိုးမှ သက်သာမှာပါ။ တခြားရောဂါတွေကြောင့် ခေါင်းကိုက်တာကိုတော့ အာမမခံနိုင်ပါဘူး။

ကိုယ်ခံစွမ်းအားစနစ်ကိုလည်း မြှင့်တင်ပေးတယ်

နမ်းလိုက်တာနဲ့ လူမှာ အားတွေ ပြည့်လာသလိုခံစားရတာမျိုး လူတိုင်း ခံစားဖူးကြမှာပါ။ အဲဒါဟာ ခံစားမှုသက်သက်မဟုတ်ပါဘူး။ တကယ်ကို အင်အားပြည့်ဝပြီး ကိုယ်ခံအားစနစ်ပါကောင်းလာတာဖြစ်ပါတယ်။

 ဓာတ်မတည့်မှုတွေလည်း လျော့ပါးစေတယ်

ဟိုအလာ့ဂျစ် ၊ ဒီအလာ့ဂျစ်နဲ့ အလာ့ဂျစ်ပေါင်းများစွာထွက်နေရင်လည်း အနမ်းနဲ့ ကုစားနိုင်ပါတယ်။ အနမ်းဟာ အလာ့ဂျစ်ဖြစ်မှုတွေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး ဆေးစွမ်းတစ်လက်ပါ။

ဝိတ်ကျစေတယ်

အနမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ ဝိတ်ကျစေတာပါပဲ။ ဘယ်လောက်နမ်းသလဲပေါ် မူတည်ပြီး ဝိတ်ကျစေပါတယ်။ ဝိတ်ကျဖို့ ကြိုးစားနေတဲ့သူတွေအတွက်တော့ ဒီအနမ်းက လိုချင်သလောက် ဝိတ်ကျစေမယ်လို့ မဆိုလိုပါဘူး။

ချစ်သူနှစ်ဦးရဲ့ အနမ်းချိုချိုလေး က ကိုယ့်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ အရာဖြစ်နေတော့ ချစ်ခြင်းသင်္ကေတဖြစ်တဲ့ အနမ်းကို မကြာခဏ လက်ဆောင်ပေးဖို့ ၊ တောင်းဖို့တော့ လိုမယ်နော်။

အနမ်းဟာ အောင်မြင်မှုတွေကိုပါ ဆောင်ကြဉ်းပေးနိုင်ပါသေးတယ်။ ဒီတော့ ချစ်သူနှစ်ဦးရဲ့ အချစ်တွေကို ခိုင်မြဲစေတဲ့အပြင် ဘဝအတွက်ပါ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိစေဖို့ အနမ်းနဲ့ ချည်နှောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က