အခုချိမှာ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့ အမြဲတွေးမိတယ်။

သက်မွန်မြင့်ကတော့ သူ့ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ သူ မရှိတော့ရင် ဆိုတဲ့ စိတ်နဲ့ သမီးအတွက် အရမ်းကို စိုးရိမ်ခဲ့ရပါတယ်တဲ့။ အခုဆိုရင်လည်း ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်လို့ဆိုပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ကတော့ လက်ရှိမှာ ကျန်းမာရေး မကောင်းဘူးလို့ဆိုပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေ အနေကြောင့်လည်း သားသမီးလေးတွေအတွက် မကြာခဏ စိုးရိမ် ကြီးနေရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’တကယ်တမ်းပြောလိုက်ရင် ကလေးတွေက ငယ်သေးတော့ ကိုယ်တွေးမိလိုက်တာက ငါ ဒီအချိန်မှာ တစ်ခုခုဖြစ်သွားခဲ့ရင် ကလေးတွေက ငယ်သေးတယ်။ အမေဆုံးရှုံးသွားမယ်၊ အမေ မရှိတဲ့ဘဝကို သူတို့ ဖြတ်သန်းရမယ် ဆိုတဲ့ အတွေးက ဝင်လာတယ်။ အရင်ကတည်းက လည်း ဒီလို အတွေးရှိတာကြောင့် နေမကောင်းမှာ အရမ်းကြောက်တယ်။ ကိုယ်နေမကောင်းတဲ့အချိန် ကလေးတွေကို မချီနိုင်ဘူး၊ လှည့်မကြည့်နိုင်ဘူးဆိုရင်တောင်မှ စိတ်မကောင်းဖြစ်ရတာလေ။ အပြီးထွက်သွားမယ်ဆိုရင် သူတို့အတွက် ပိုအားတင်းရမှာပေါ့နော်။ အဲဒါကို စိုးရိမ်ပြီး ဆေးရုံတန်းသွားလိုက်တာ’’ လို့ သူကဆိုပါတယ်။

သမီးငယ်လေး လဝန်းကို ကိုယ်ဝန်လွယ်ထားရကတည်းက ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ပိုသတိထားမိလာတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။

‘’ အခုနောက်ပိုင်း ကျန်းမာရေးက အငယ်လေး ကိုယ်ဝန်က စပြီးတော့ တံမြက်စည်းလှည်းလို့လည်း မရတော့ဘူး။ ဖုန်နဲ့လည်း မတည့်တော့ဘူး။ အရမ်း ဖြစ်လွယ်လွန်းတယ်။ အရင်တုန်းကဆိုရင် သက်မွန်တို့ နေ့နေ့ညည ဇာတ်ကားတွေရိုက်တယ် ဘာမှ မဖြစ်ဘူး။ နားရက်လုံးဝ မရှိလည်း ရိုက်နိုင်တယ်။ အခုကျတော့ တစ်ရက် နှစ်ရက်လောက်ရိုက်ရင်တောင် လဲချင်နေပြီ။ ကျန်းမာရေးကို ပိုဂရုစိုက်လာရပြီ’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က Brand’s ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thet Mon Myint

ကျန်းမာရေးမကောင်းတဲ့ အချိန်မှာတော့ အမျိုးသားက အရမ်းကို ဂရုစိုက်တဲ့လူတစ်ယောက်ပါလို့ သက်မွန်မြင့်က ပြောပါတယ်။ မိသားစုကိုလည်း အရမ်းဂရုစိုက်တတ်တဲ့အကြောင်းတွေကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

‘’ အမျိုးသားကတော့ အရမ်း ဂရုစိုက်တယ်။ တစ်ခါတလေ ပိန်ချင်လို့ဆိုပြီးတော့ အစားလေးကို လျှော့ရင် မရဘူးသူက စား မိန်းမ၊ ပရိသတ်တွေကိုလည်း သူကပြောတယ် ငါ့ မိန်းမ ကျန်းမာဖို့အရေးကြီးတယ်ပေါ့။ ပြီးတော့ ဆေးရုံတက်တုန်းကလည်း သူပဲ အိပ်ရေးပျက်ခံပြီး လိုက်လုပ်ပေးတယ်။ အဲဒီညမှာ လဝန်းလေးကလည်း နှာခေါင်းကို အရုပ်နဲ့ထိုးမိသွားတယ်။ တစ်ယောက်တည်း ဗျာများပြီး အိပ်ရေးပျက်သွားရှာတယ်။ သူက မိသားစုကို အရမ်းဂရုစိုက်တတ်တဲ့ ယောကျ်ားပါ’’ လို့ သူကဆိုပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က