Gym ဆော့ရတဲ့ ခံယူချက်ကို ပြောပြလာပါတယ်။

သရုပ်ဆောင် ထွန်းထွန်းက Gym ကို အဓိကထား ဆော့ဖြစ်နေတဲ့ အကြောင်းကို ပြောပြလာပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်လာတယ်လို့ ဆိုပါတယ်။

Photo: ထွန်းထွန်း



သရုပ်ဆောင် ထွန်းထွန်းက သူ့ရဲ့ ခန္ဓာကိုယ် ကို သေသေချာချာ ဂရုတစိုက်ရှိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူ့အနေနဲ့ Gym ဆော့တာများလို့ မျက်နှာ သေးသွားတယ်လို့ Facebook စာမျက်နှာမှာ ရင်ဖွင့်ထားတဲ့ အကြောင်းတွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ အဲ့ဒါကြောင့် ကျွန်တော် အကျီၤတွေ ချွတ်ပြီးတော့ ပုံတွေ တင်နေတာလေ ။ သူက ၆ လ Program ရှိတယ်၊ ကျွန်တော်က အခုဆော့တာ ၃ လပဲရှိသေးတယ်။ ၆ လပြည့်မှ ပုံမှန်လည်ပတ်မယ့် အနေအထားတွေရှိတယ်။ အိမ်ကလည်း ပြောနေတယ်၊ နင်က မျက်နှာနဲ့ အလုပ်လုပ်တာပေါ့နော် ခန္ဓာကိုယ်နဲ့ အလုပ်လုပ်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော် လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ထွန်းထွန်း

ထွန်းထွန်းက Gym ဆော့ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါသေးတယ်။ သူဟာ အသက် ၃၀ အရွယ်ကျော်လာတဲ့ အချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သေချာတဲ့အရာတစ်ခုကို လုပ်ချင်တယ်လို့ Cookie TV မိတ်ဆက်ပွဲကိုတက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်ကိုယ်တိုင်လည်း အသက် ၃၂ ၊ ၃၅ နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သေချာတဲ့ဟာလေးတွေ လုပ်ချင်လို့ပါ။ Gym ဆော့တဲ့ ခံယူချက်ကလည်း ပင်ပန်းသမျှက ကိုယ့်ခန္ဓာကိုယ်အတွက်ချည်းပဲ အဓိကက ကျန်းမာရေးကိုပဲ ပိုဦးစားပေးလုပ်ဖြစ်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။


Photo: ထွန်းထွန်း

ထွန်းထွန်းဟာ ကျန်းမာကြံ့ခိုင်ဖို့အတွက်သာ Gym ကို ဆော့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဆော့ဖြစ်ရတဲ့ အကျိုးတွေကလည်း ကောင်းမွန်တဲ့ ကျန်းမာရေးအနေအထားကို ဖြစ်ပေါ်လာစေတဲ့ အကြောင်း သူကဆိုပါတယ်။

‘’ အကယ်၍ ခန္ဓာကိုယ်က ကိုယ်လိုချင်တဲ့ အနေအထားရောက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတယ်။ အဓိက က သက်လုံကောင်းတယ်။ ဒူပေနာပေ တော်တော်ခံနိုင်လာတယ်။ ကျန်းမာရေးကလည်း တော်တော်ကို သိသာလာတယ်’’ လို့ ပြောပါတယ်။

Photo: ထွန်းထွန်း

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာတာ ကို တွေ့ရပါတယ်။ ဂီတလော ကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်နယ်ပယ်ကို ဝင်ရောက်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က