အိမ်မှာနေရင်း ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတယ်။

 တိုင်ရွန်တစ်ယောက် ဝက်သက်ပေါက်လို့ အနားယူနေရချိန်မှာ ပျော်ချင်တာတောင် ပျော်ခွင့်မရခဲ့တဲ့ သူ့ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပြောပြလာပါတယ်။ အိမ်ထဲမှာနေပြီး ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတဲ့ နေ့တွေရှိတယ်တဲ့။ 

Photo: တိုင်ရွန်



တိုင်ရွန်ဟာ မကြာသေးခင်က ဝက်သက်ပေါက်လို့ ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ နှစ်သစ်ကူးကာလ ဖြစ်တာကြောင့်လည်း မပျော်ပါးလိုက်ရဘူးလို့ Duwun Media ကနေတစ်ဆင့် ပြောခဲ့ပါတယ်။

'' ငယ်ငယ်တုန်းက ပေါက်တဲ့ ဝက်သက်က အပြင်သွားစရာ၊ လာစရာမရှိတော့ အိမ်ထဲမှာနေလို့ရတယ်။ အခုဟာက အလုပ်တွေ အများကြီးရှိတော့ နှောင့်နှေးသွားရတယ်။ အဓိက ကတော့ New Year လည်းနီးတယ်၊ ဘာမှလည်း မလုပ်နိုင်ဘူး။ ပြီးတော့ ကဲလည်း မကဲလိုက်ရဘူး'' လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်

Happy New Year မှာတောင် သူငယ်ချင်းတွေနဲ့အတူတူပျော်ဖို့ စီစဉ်ခဲ့ရပေမယ့် ကျန်းမာရေး အခြေအနေကြောင့် အိမ်ထဲက အိမ်ပြင်တောင် မထွက်ခဲ့ရဘူးလို့ဆိုပါတယ်။

'' ကိုယ်က အပြင်သွားချင်နေပြီ မသွားရဘူး။ သူငယ်ချင်းတွေအကုန်လုံးကလည်း ကဲဖို့ စီစဉ်ထားပြီးပြီ။ အလုပ်တွေ လုပ်ဖို့လည်း စီစဉ်ထားတာဆိုတော့ သွားချင်တိုင်း သွားလို့မရပဲ အိမ်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်။ အဲ့ဒီအချိန်က သွေးပိုတိုးတယ်’’ လို့ သဘောကျရယ်မော ရင်း ပြောပြခဲ့ပါတယ်။

ဝက်သက် ၂ ခါပြန်ပေါက်တဲ့ လူတွေက ရှားလွန်းပါတယ်။ အဲ့ဒီအထဲမှာတော့ တိုင်ရွန်လည်း တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

'' ဝက်သက်က ကျွန်တော် ငယ်ငယ်က တစ်ခါပေါက်ဖူးတယ်။ နောက်တစ်ခါ ထပ်ပေါက်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပေါ့နော်။ တော်တော်များများက ဝက်သက်ပါက်နေကြတဲ့ ရာသီပေါ့။ ဆေးရုံတက်လိုက်ရတာလည်း အဆင်ပြေပါတယ်’’ လို့ ဆိုပါတယ်။

Photo: တိုင်ရွန်

တိုင်ရွန်ဟာ ဒီဇင်ဘာလ အတွင်းက ဝက်သက်ပါက်လို့ ဆေးရုံတင်လိုက်ရတာဖြစ်ပါတယ်။ ဒီလို ဆေးရုံတင်ရတယ်လို့ သိလိုက်ရချိန်မှာတော့ သူ့ရဲ့ ပရိသတ်တွေကလည်း ကျန်းမာရေးအမြန်ပြန်ကောင်းစေဖို့ ဆုတောင်းစကားပြောခဲ့ပါတယ်။ လက်ရှိမှာတော့ တိုင်ရွန်ရဲ့ ကျန်းမာရေး အခြေအနေက ပြန်ကောင်းလို့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က