လည်ပင်းမှာ အကျိတ်တွေ အများကြီးပဲ။

ထက်ထက်မိုးဦးကတော့ ကျန်းမာရေးမကောင်းလို့ အရမ်းစိတ်ညစ်နေရတယ်လို့ဆိုပါတယ်။ ခွဲစိတ်ရမယ့် အရာတွေကိုလည်း မလုပ်ရဲလောက်အောင် ကြောက်နေပြီလို့ ပြောပါတယ်။

Photo: Htet Htet Moe Oo



ထက်ထက်မိုးဦးကတော့ သူ့ရဲ့ ကျန်းမာရေးကြောင့် အရမ်းကို စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။ အခုလည်း သူမရဲ့ ကျန်းမာရေး ဆေးစစ်ချက်အဖြေက လည်ပင်းထဲမှာ အကျိတ်တွေရှိသေးတယ်လို့ သိရတဲ့အပေါ် ခံစားချက်ကို မီဒီယာတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“ မထက် ကျန်းမာရေးအတွက် စိတ်အရမ်းညစ်နေတာ။ လည်ပင်းတစ်ဖက် ခွဲထားပြီးပြီ၊ ဗိုက်ခွဲတာလည်း ၄ လ၊ ၅ လပဲရှိသေးတယ်။ ပြီးတော့ လည်ပင်းကို ထပ်စစ်လိုက်တဲ့အချိန်မှာလည်း လည်ပင်းကို စစ်လိုက်တဲ့အခါမှာ အကျိတ်တွေ အများကြီး ထပ်ပြီးတော့ အဖြေတွေ့ရတာဆိုတော့ အဲဒါတွေကို စိတ်ဓာတ်အရမ်းကျတယ်၊ ထပ်လည်း မခွဲချင်တော့ဘူး” လို့ သူကဆိုပါတယ်။

Photo: Htet Htet Moe Oo

သူမဟာ ဆေးရုံတက်ပြီး ခွဲစိတ်ရမှာကို အရမ်းကြောက်နေပြီလို့ ဆိုပါတယ်။ အရင်တုန်းက မကြာခဏ ဆေးရုံတက်၊ ခွဲစိတ်မှုခံခဲ့ရတဲ့ အချိန်တွေကိုလည်း ငြီးငွေ့နေပြီလို့ ရင်ဖွင့်ပြောပြလာပါတယ်။

“ထပ်ခွဲတာက ခွဲရမှာပဲ။ ခွဲရမယ် ပြောနေရင်ကို လူက အားပျော့သွားတယ်။ ခွဲခန်းကို အကြိမ်ပေါင်းမြောက်များစွာ ဝင်ခဲ့ပြီးပြီဆိုတော့ နောက်ထပ် ထပ်ပြီး သတိမေ့ပြီး ပြန်သိရတဲ့ အရာကြီးကို ရင်မဆိုင်ချင်တော့ဘူး။ အရမ်းကြောက်နေတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htet Htet Moe Oo

လက်ရှိမှာလည်း သူမရဲ့ ကျန်းမာရေးကို မြန်မာဆေးဝါးနဲ့သာ ကုသချင်တယ်လို့ တွေးမိတဲ့အကြောင်း ထက်ထက်မိုးဦးက ပြောပြလာပါတယ်။ မိသားစုကလည်း ဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။

“ အခုတော့ ဆရာဝန်နဲ့ပြထားတယ်။ မြန်မာဆေးနဲ့ပဲ ကုရမလားလို့ တွေးမိတာပေါ့နော်။ အဖေကလည်း မြန်မာဆေးကို ဟိုသွေးဆေးသောက်၊ ဒီသွေးဆေးသောက် ပြီးတော့ ပျောက်စေချင်တာပေါ့နော်။ အခုကျတော့ ခွဲလည်း မခွဲချင်ဘူး၊ အမြန်ပျောက်ပါစေလို့ ဆုတောင်းတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာတော့ ဆရာဝန်နဲ့ တိုင်ပင်နေပါတယ်” လို့ ဆိုပါတယ်။

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က