မျိုးစန္ဒီကျော်ဟာ အနုပညာအလုပ်တွေ စလုပ်ချိန်မှာ ပညာတွေ သင်ပေးခဲ့တဲ့ ဆရာဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သွားရောက်ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။
Photo: Myo Sandi Kyaw
သရုပ်ဆောင် မျိုးစန္ဒီကျော်က ဆရာရင်းဖြစ်သူ ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကို သွားရောက် ကန်တော့ခဲ့ပါတယ်။ ဆရာဖြစ်သူဟာ ခါးရိုးခွဲစိတ်ကုသမှု ခံယူနေရတယ်လို့လည်း သူက ဆိုပါတယ်။
" အနုပညာလောကမှာ မျိုးစန္ဒီကျော် ဆိုပြီးဖြစ်လာအောင် မြှေတောင်မြှောက်ပေးခဲ့တဲ့ဆရာရင်း ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) နှင်းဆီကုန်းဆေးရုံကြီးမှာ ခါးရိုးခွဲစိတ်ကုသနေတာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ။ (တတ်နိုင်သလောက်လေးကုသိုလ်ပြုပါတယ်)" ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Myo Sandi Kyaw
ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ) ကတော့ အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲ အပြင် ပြဇာတ်တွေလည်း ရိုက်ကူးလျှက်ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။
Photo: Myo Sandi Kyaw
မျိုးစန္ဒီကျော်ကလည်း အခုချိန်ထိ အနုပညာလောကမှာ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း နှစ် (၂၀) ကျော်လာခဲ့ပါပြီ။ လက်ရှိမှာလည်း ရုပ်သံ ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ မျိုးစန္ဒီကျော်ဟာ တစ်ဦးတည်းသော သမီးလေး ဂျူဝယ်လ် နဲ့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။