ပရိသတ်တွေ ကျန်းမာရေး ဂရုစိုက်ကြဖို့လည်း ပြောပြခဲ့ပါတယ်။

ပရိသတ်အချစ်တော်မလေး ခင်ဝင့်ဝါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖြန့်စေချင်ဘူးလို့ ဆိုပါတယ်။ 

Photo: Khin Wint Wah



ခင်ဝင့်ဝါကတော့ COVID-19 ရောဂါ မကူးစက်အောင် ပရိသတ်တွေကို သေသေချာချာ ဂရုတစိုက်နေထိုင်ဖို့ ပြောပြလာပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး သတင်းအမှားတွေကိုလည်း မယုံစေချင်ဘူးလို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“ အခုနောက်ပိုင်းမှာ Social Media သုံးတဲ့ သူတွေလည်း များလာပြီဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ တရားဝင် သတင်းဌာနတွေက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ အတည်ပြု စေချင်တယ်။ ကောလာဟလတွေကို နားမယောင်စေချင်ဘူး” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က “ အပျိုယောင်ည” ဆိုတဲ့ ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Phonn

ကောလာဟလ သတင်းတွေကြောင့် စားနပ်ရိက္ခာတွေကိုလည်း လိုတာထက် ပို မစုဆောင်းစေချင်ဘူးလို့ ခင်ဝင့်ဝါက ပြောပါတယ်။ 

“လူမှုကွန်ယက်မှာ ပြန့်တဲ့ သတင်းတွေကြောင့် အရင်တုန်းကဆို ဈေးတွေ အလုအယက် ပြေးဝယ်တာတို့တွေ ဖြစ်တတ်တာပေါ့နော်။ဒီလို မဖြစ်ရအောင် သတင်းအမှန်တွေကိုသာ မျှဝေစေချင်တယ်။ သတင်းအမှားတွေ ကိုလည်း Sharing မလုပ်ဖို့ နဲ့ ဒီရောဂါဖြစ်လို့ ကုသခြင်းဆိုတာထက် ကြိုတင်ကာကွယ်တာက ပိုပြီးတော့ ထိရောက်တယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

 

Photo: Khin Wint Wah

ခင်ဝင့်ဝါကိုယ်တိုင်ကလည်း COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ဧပြီလ (၁၀) ရက်နေ့တုန်းက ဝေဘာဂီဆေးရုံကြီးနဲ့ ဗဟို အမျိုးသမီး ဆေးရုံကြီးတို့မှာ သွားရောက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ သူမလိုပဲ နောက်ထပ် အနုပညာရှင် တော်တော်များများကလည်း စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ မိသားစုဝင်တွေ အတွက် အလှူအတန်းတွေ လုပ်နေကြတာလည်း တွေ့ရပါသေးတယ်။ 

Photo: Phonn

ခင်ဝင့်ဝါကတော့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ်တစ်ယောက်ပါ။ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အခုချိန်မှာတော့ တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က