ဂွမ်းပုံလေးက အစ်ကိုတစ်ယောက်လိုချစ်ရတဲ့ လူရွှင်တော်ကြီး ဦးမေတ္တာရဲ့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အပေါ် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။
Photo: ဂွမ်းပုံလေး
တက္ကသိုလ်ဂွမ်းပုံလေး တို့ ဇနီးမောင်နှံနှစ်ယောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးမေတ္တာဆီကို အလည်အပတ်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
‘’ကိုကိုကြီး"ကိုမေတ္တာ’’နေကောင်းသွားလို့ ဆေးရုံကဆင်းပြီ။ မတွေ့တာကြာတဲ့ မောင်နှမတွေ စကားတွေ ဖောင်ဖွဲ့ ’’ ဆိုပြီးတော့ တက္ကသိုလ်ဂွမ်းပုံရဲ့ ဖေ့ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ဂွမ်းပုံလေး
အဲဒီနောက် တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံနဲ့ လူရွှင်တော်ကြီး ဦးမေတ္တာတို့ရဲ့ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဖြစ်နေကြတဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ ဦးမေတ္တာဟာ ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီက အာရှတော်ဝင်ဆေးရုံမှာ အဆုပ်ရောဂါနဲ့ အရေးပေါ်လူနာအဖြစ် ရုတ်တရက် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။
Photo: ဂွမ်းပုံလေး
ဦးမေတ္တာဟာ လက်ရှိမှာ အငြိမ့်၊ ပြဇာတ်တွေ နဲ့ အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့နေသူတစ်ယောက်ပါ။ အနုပညာ နဲ့ ပတ်သက်ပြီး လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးတွေ နည်းလာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးပါ။
တက္ကသိုလ်ဂွမ်းပုံလေးကတော့ အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း နှစ်တွေ တော်တော်ကြာနေပါပြီ။ ဂွမ်းပုံလေးဟာ ၂၀၁၆ ခုနှစ်မှ ‘’`ဤအရာကို အချစ်ဟုခေါ်သလား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။