သူဟာ ဧပြီလ ၂၂ ရက်နေ့မှာ ၂၈ နှစ်ပြည့်ပြီလို့ သိရပါတယ်။

အလင်းရောင်ကတော့ သူ့ရဲ့ မွေးနေ့မှာ အလှူလည်းလုပ်ခွင့်ရသလို We Love လေးတွေကြောင့် ပျော်ရွှင်ရတယ်ဆိုတာကို ပြောပြလာပါတယ်။ 

Photo: Alinn Yaung



သရုပ်ဆောင် အလင်းရောင်ကတော့ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ COVID-19 ကာကွယ်ရေးအတွက် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အခုဆိုရင် အသက် ၂၈ နှစ်ပြည့်သွားပြီလို့လည်း သိရပါတယ်။ 

" မွေးနေ့အလှူအဖြစ် Covid-19 ကာကွယ်တိုက်ဖျက်ရေး သူရဲကောင်းများဖြစ်ကြတဲ့ ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း (၁၀၀) ဦးအတွက် တစ်ရက်စာ အစားအသောက်များအတွက် ကျသင့်ငွေ အလှူငွေ ကျပ် ( ၅ ) သိန်းကို "Support Our Heroes (SOH)" အဖွဲ့အား လှူဒါန်းခဲ့ပါတယ်" ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။ 

Photo: Alinn Yaung

အလင်းရောင်ဟာ COVID-19 ကာကွယ်ရေးအနေနဲ့ မွေးနေ့ကို Stay Home နေရင်း ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ မွေးနေ့အတွက် မဖြစ်မနေ Surprise လုပ်ပေးခဲ့ကြတဲ့ We Love တွေကြောင့်လည်း အရမ်းပျော်နေတယ်လို့ သူက ပြောပါတယ်။ 

"ဒီနှစ်မွေးနေ့ကတော့ Stay Home အချိန်လေးမို့ မှတ်မှတ်ရရ အထီးကျန်မွေးနေ့လေးပါပဲ။ ချစ်ရတဲ့ အဖေနဲ့အမေက မွေးနေ့မတိုင်ခင်ကြိုပြီး Surprise လုပ်ပေးခဲ့သေးတာမို့ တကယ်ကို ပျော်မိပါတယ်။ ချစ်ဆုံး ဖန်လေးတွေရဲ့ မွေးနေ့ဆုတောင်းစာတွေ Video Clip လေးတွေရယ်၊ ကျွန်တော့်မွေးနေ့ Profile Picture ဆင်တူလေးတွေ ချိန်းပေးတဲ့ အမှတ်တရတွေရယ်ကြောင့် အမှန်တကယ် ကြည်နူးပျော်ရွှင်ရပါတယ်။ ခုလိုအားပေးတဲ့ ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးများကြီးတင်ပါတယ်။ အရင်နှစ်တွေကတော့ မွေးနေ့ရောက်ရင် ဖန်တွေနဲ့အတူ အလှူတွေလုပ်၊ မုန့်စားရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ပေမယ့် ဒီနှစ်တော့ အခြေအနေအရ မတွေ့ဖြစ်လိုက်ရဘူး။ နောက်နှစ်ဆုံမယ်နော် အသဲတို့" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Alinn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က