အနုပညာသမားတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးတာပါ။

အိမ့်ချစ်ဟာ COVID-19 ကြောင့် စောင့်ကြည့် (၁၄) အခြေအနေကို ရင်ဆိုင်နေရသူတွေ၊ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် သူမရဲ့ တေးသီချင်းတွေနဲ့ သွားရောက် အားပေးခဲ့တာ တွေ့ရပါတယ်။ 

Photo: Eint Chit



အဆိုတော် အိမ့်ချစ်ကတော့ COVID-19 ကူးစက်ရောဂါ မဖြစ်ပွားအောင် ၁၄ ရက်အကြာ Quarantine ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အားပေးတဲ့အနေနဲ့ ဂီတဖျော်ဖြေရေး သွားရောက် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"လှိုင်ကေတုမတီဆောင်နဲ့ hotel 7 Mileမှာ ၁၄ ရက် Quarantine နေကြရတဲ့သူများအားအနုပညာဖျော်ဖြေရေးဖြင့် သွားရောက်အားပေး။ ကေတုမတီဆောင်ကသူတွေက nurse တွေပါ နယ်စပ်ကဝင်လာသူတွေကိုစစ်ဆေးပေးပြီးခု Quarantine ဝင်နေကြရတာပါတဲ့။ ဘာပဲဖြစ်ဖြစ် အနုပညာသမားတွေကူညီနိုင်တာဂီတနဲ့ပဲမို့ တတ်နိုင်တာလေးနဲ့ကူညီပေးတာပါ။ နောက်ထပ်ကတော့ PPE ဝတ်စုံနဲ့ Mask တွေဆေးရုံတွေမှာလှူဒါန်း သွား ပါဦးမယ်ရှင့်" ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Eint Chit

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံ အတွင်းမှာလည်း အခုဆိုရင် COVID-19 ကူးစက်ခံနေရသူ လူဦးရေ(၂၀) ဦး ရှိလို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။ 

Photo: Eint Chit

အိမ့်ချစ်ဟာ အခုလက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခုဖြစ်တဲ့ Emily ဆိုတဲ့ Fashion ဆိုင်ကို ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဂီတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေသူ ဖြစ်တာကြောင့် သူမရဲ့ မိသားစုကို တင့်တောင့်တင့်တယ် ထားနိုင်တဲ့ သမီးလိမ္မာလေးတစ်ယောက်ဆိုရင် မမှားပါဘူး ။ အခုဆိုရင်တော့ သူမရဲ့ ချစ်သူဖြစ်တဲ့ Eric နဲ့ လက်ထပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။  

Photo: Eint Chit

အိမ့်ချစ်(Eint Chit)ကတော့ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အ တူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ် ၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က