သူမကိုယ်တိုင်လည်း ဒီ Campaign မှာ ပါဝင်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ COVID-19 ရောဂါမပြန့်ပွားအောင် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အတူ တိုက်တွန်းနိုင်ဖို့ အိမ်မှာနေပါလို့ ဆိုပါတယ်။ 

Photo: Wutt Mhone Shwe Yi



သရုပ်ဆောင် ဝတ်မှုံရွှေရည်ကတော့ COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပေါ်အောင် အိမ်ထဲမှာပဲနေဖို့ ပရိသတ်ကို တိုက်တွန်းလိုက်ပါတယ်။ သေရေးရှင်ရေး ကိစ္စမဟုတ်ရင်၊ စားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်ထွက်လုပ်ရမယ်ဆိုရင်တောင် Mask နဲ့ လက်သန့်ဆေး ဆောင်ဖို့ မမေ့ပါနဲ့လို့လည်း သူကဆိုပါတယ်။ 

"အားလုံးအတွက် အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ ကို အားပေးဖို့ ဒီ campaign မှာ ပါဝင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့်။ Covid-19 ကို ကာကွယ် ခုခံ တွန်းလှန်နိုင်ဖို့ အခုအချိန်မှာ အလွန်တရာမှ အရေးကြီးနေပြီ ဖြစ်တဲ့ ကဏ္ဍကတော့ ကျန်းမာရေး ကဏ္ဍက ဝန်ထမ်းများ ဖြစ်ပါတယ်။ တိုက်စစ်မှူးတွေ ရော ရှေ့တန်းရော အလယ်တန်းရော နောက်တန်းရော ဘယ်တောင်ပံ ညာတောင်ပံ မကျန် တစ်နိုင်ငံလုံးက ဆရာဝန်များ ဆရာမများ နဲ့ ကျန်းမာရေး ဝန်ထမ်းများ အားလုံးဟာ အခုအချိန်မှာ မိမိရဲ့ ကိုယ်ကျိုးကို မငဲ့ကွက်ပဲ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားအားထုတ် ပြီးတော့ Covid တိုက်ပွဲ အတွက် အင်တိုက် အားတိုက် အလုပ်လုပ်ပေးနေကြပါတယ်။အိမ်မှာနေခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ ကိုကူညီကြပါစို့" ဆိုပြီးတော့ ဧပြီလ ၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံ အတွင်းမှာလည်း အခုဆိုရင် COVID-19 ကူးစက်ခံနေရသူ လူဦးရေ(၂၀) ဦး ရှိလို့နေပါပြီ။ နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Wutt Mhone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က