သူလည်း အိမ်မှာပဲ နေတယ်လို့ ဆိုပါတယ်။

ဂျိုကာ ကတော့ သင်္ကြန် နှစ်တိုင်း ပျော်ခဲ့ရပေမယ့် ဒီနှစ် သင်္ကြန်မှာ အန္တရာယ်ကင်းကင်းနဲ့ အိမ်မှာနေရတာ ပိုကောင်းတယ်လို့ဆိုပါတယ်။ 

Photo: Joker 



အဆိုတော်ရဲလေး နဲ့ အဆိုတော် ဂျိုကာတို့ ညီအစ်ကို နှစ်ယောက်ကတော့ COVID-19 ကူးစက်ရောဂါကြောင့် လူစုလူဝေးရှိတတ်တဲ့နေရာတွေ မသွားဘူးလို့ ဂျိုကာ က ပြောပါတယ်။ မကြာခင် ကျရောက်မယ့် သင်္ကြန်မှာ လည်း ပျော်ပွဲရွှင်ပွဲတွေ မရှိတော့တဲ့အပေါ် သူ့ရဲ့သဘောထားကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“ သင်္ကြန်ဆိုတာလည်း စည်ကားတဲ့ နှစ်တွေရှိလို့ စည်ကားခဲ့ကြ၊ ပျော်ပါးခဲ့ကြဖူးပြီ။ အခုကလည်း COVID-19 ကူးစက်ရောဂါ အကြောင်းအရင်း ရှိလာတဲ့အတွက်ကြောင့် အခုလို လုပ်လိုက်တာကို နားလည်ကြမယ်လို့လည်း ထင်ပါတယ်။ ကိုယ့်ဘာသာကိုယ် ဘယ်လို ပျော်အောင်နေမလဲ ဆိုတာကို တွေးကြပါ။ လူစည်ကားတဲ့ နေရာတွေကိုတော့ မသွားတာ အကောင်းဆုံးပါပဲ” လို့ သူကဆိုပါတယ်။ 

Photo: Joker 

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေက အများကြီးရှိ လို့နေပါပြီ။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Joker 

ဂျိုကာဟာ အစ်ကိုဖြစ်သူ ရဲလေးနဲ့ အတူ မကြာသေးခင်က COVID-19 ကာကွယ်ရေးအဖြစ် 10 music Genres In One Track Performed By YLJK ဆိုတဲ့ MTV ဆန်းဆန်းလေး တစ်ပုဒ်ကို YLJK Page ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မိခင်ဖြစ်သူကို အိမ်အလုပ်တွေ ဝိုင်းကူလုပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

“ ဒီကိစ္စကလည်း ကိုယ်တစ်ယောက်တည်း ဖြစ်နေတာထက် အများနဲ့ အတူတူ ဖြစ်နေတာဆိုတော့ စိုးတာတွေ ပြီးရင် ကောင်းတာတွေလည်း လာဦးမှာပါ။ စိတ်ဓာတ်မကျဖို့အတွက် အားပေးနေပါတယ်။ လက်ရှိမှာလည်း စားနပ်ရိက္ခာတွေကို လိုသလောက်ပဲ ဝယ်ပါ။ အများကြီး မဝယ်ကြဖို့ကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်လည်း အများကြီး မဝယ်ထားပါဘူး အမေက ဈေးသွားမယ် လိုက်ခဲ့ဆိုတာနဲ့ လိုသလောက် ဟင်းစားလေးတွေ ဝယ်ပြီး ကျွန်တော်ကတော့ ဆန်အိတ်လိုက်ထမ်းပေးလိုက်တယ်ပေါ့ဗျာ” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က Shwe Series မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Joker 

ဂျိုကာ ကတော့ အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ လူမှုကွန်ယက်ပေါ်က ပရိသတ်တွေပျော်ရွှင်စေဖို့လည်း ဟာသဗီဒီယိုလေး တွေ တင်ဆက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်လာပြီဖြစ်တာကြောင့် ဟာသဗီဒီယိုလေးတွေ တင်တာ သိပ်မတွေ့ရတော့ပါဘူး။ သူဟာ အစ်ကိုဖြစ်သူ အဆိုတော်ရဲလေးနဲ့ YLJK Entertainment ကို ဦးဆောင်နေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က