Covid -19ရောဂါကြောင့် ဧပြီလကုန်အထိ သင်္ကြန်မဏ္ဌပ်တွေ၊ရုပ်ရှင်ရုံတွေနဲ့ လူစည်ကားတဲ့ပွဲတွေမကျင်းပဖို့ နိုင်ငံတော််အတိုင်ပင်ခံ ဦီးေဆောင်တဲ့ အရေးေပေါ််််််အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
Covid -19ရောဂါကြောင့် ဧပြီလကုန်အထိ သင်္ကြန်မဏ္ဌပ်တွေ၊ရုပ်ရှင်ရုံတွေနဲ့ လူစည်ကားတဲ့ပွဲတွေမကျင်းပဖို့ကို ဒီကနေ့ မတ်လ၁၂ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ နေပြည်တော်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်ကနေ ကြေညာခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ပတ်သတ်လို့ မကြာခင်အတွင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက တရားဝင်သတင်းထုတ်ပြန်သွားမယ်လို့လည်းသိရပါတယ်။အခုလိုဆုံးဖြတ်ချက် ချလိုက်တာနဲ့ပတ်သက်လို့ တဆက်တည်းမှာဖြစ်လာနိုင်တဲ့ စီးပွါးရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့အတွက်ကိုလည်း နည်းလမ်းတွေဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ရေးသားဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိချိန်ထိ ဗိုင်းရပ်စ်ကူးစပ်ခံသူတစ်ဦးတစ်ယောက်မရှိသေးတာကြောင့် ဒါနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ သတင်းအမှားတွေ၊ ကောလဟလသတင်းတွေကိုမယုံကြည်ကြဖို့ကိုလည်း ဒုဝန်ကြီးကတိုက်တွန်းပြောကြားထားပါတယ်။