မဲနိုင်ဖို့လုပ်တာမဟုတ်၊နိုင်ငံကောင်းဖို့ လုပ်တာလို့ ဒေါ်အောင်ဆန်းစုကြည်ဆို

“ ကျွန်မတနင်္သာရီကို လာရတဲ့ အကြောင်းရင်းတစ်ခုက အစိုးရအဖွဲ့ကို နည်းနည်းဆုံးမဖို့ ဖြစ်ပါတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကဖေဖော်ဝါရီလ ၁၃ ရက်မှာ မြိတ်မြို့ ပုလဲရတနာခန်းမမှာ မြိတ်မြို့က ပြည်သူလူထုနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office

မြိတ်ဒေသခံတစ်ဦးက အခုတင်ပြချက်တွေဟာ တိုင်းအဆင့်အစိုးရအဖွဲ့ အလုပ်မလုပ်လို့သာ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြနေရတာဖြစ်တယ်လို့ ပြောခဲ့ရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ ကိစ္စမရှိပါဘူး။ ကျွန်မလည်း နားလည်းပါတယ်။ ကျွန်မတနင်္သာရီကို လာရတဲ့ အကြောင်းရင်းတစ်ခုက အစိုးရအဖွဲ့ကို နည်းနည်းဆုံးမဖို့ ဖြစ်ပါတယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

အဲဒီနောက် ဒေသခံတစ်ဦးက ၂၀၁၅ NLD မဲနိုင်ရေးအတွက်  ကြိုးစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်း NLD မဲနိုင်ရေးအတွက် လိုလားကြောင်း၊ လက်ရှိ အုပ်ချုပ်နေတဲ့ တနင်္သာရီတိုင်းအစိုးရ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ ဖယ်ရှားရှင်းလင်းပေးပါလို့ ပြောကြားခဲ့ရာ ပြည်သူတွေက လက်ခုပ်တီးအားပေးခဲ့ကြတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ တစ်ချက်ဆို တစ်ချက်ပဲ ပြောပါ။ ကျွန်မပြောမယ်နော်။ ကျွန်မတို့က မဲနိုင်ဖို့ လုပ်မှာမဟုတ်ဘူး။ နိုင်ငံကောင်းဖို့အတွက် လုပ်မှာ ဖြစ်တယ်လို့” ပြောကြားခဲ့ရာ ပြည်သူလူထုက လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

Photo- Myanmar State Counsellor Office

ဆိုပါ တွေ့ဆုံပွဲမှာ ဒသခံပြည်သူများက မြစ်ရေကြီးမှု ကာကွယ်ပေးရေး၊ Universal Healthcare Law ပြဋ္ဌာန်းပေးရေး၊ မြေဌားခ အခွန်များ စည်းကြပ်ပေးရေး၊ ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ပင်လယ်ပြင်ကျွန်း များတွင် သန့်စင်ခန်းများ ဆောင်ရွက်ခွင့်ပြုရေး၊ ငါးလေးလံဈေးအမြန် ဆောင်ရွက်ပေး နိုင်ရေး၊ မောတောင် နယ်စပ်ဂိတ်ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ရေအား လျှပ်စစ် အကောင်အထည်ဖော်ဆောင်ပေးရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း ကျောင်းများ ဖွင့်လှစ်ပေးရေး၊ တိုင်းရင်းသား ဘာသာစကားသင်ကြားပေးနိုင်ရေး၊ မောတောင်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း မြို့နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အမြဲတမ်းဖွဲ့စည်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊ ဒီရေတောများအား စနစ်တကျ ထားရှိပေးရေး၊ မြိတ်နည်းပညာတက္ကသိုလ် မြေယာကိစ္စများ အမြန်ဖြေရှင်းပေးရေး၊ ပင်လယ်ပြင်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ဖြေလျော့ပေးနိုင်ရေးလိုအပ်သည့် ကိစ္စများ၊ ဆရာ၊ ဆရာမလိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ မြေယာအမှုကိစ္စကြောင့် တရားစွဲဆိုခံရသည့်အခြေအနေ ကူညီဖြေရှင်းပေးရေးစသည့် ကိစ္စရပ်များကို တင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ချက်ချင်းဆောင်ရွက်ပေးမည့် အစီအမံများ၊ အချိန်ယူ၍ ဖြေရှင်း ဆောင်ရွက်ပေးမည့် အစီအစဉ်တွေကို အသေးစိတ် ပြောကြားခဲ့ကြပါတယ်။

Share

Loading Next Article...
က္က