အမှုကတော့ ကြန့်ကြာနေတုန်းပါပဲ။

အဆိုတော် အစ္စဏီက မကြာခင် ကျရောက်တော့မယ် သင်္ကြန်မှာ ပရိသတ်တွေ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြဖို့ ဆုတောင်းစကားလေး ဆိုပေးထားပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီဟာ ဒီနေ့ (ဧပြီလ၄ရက်)မှာ တာမွေတရားရုံးသို့ ရုံးချိန်းကို တက်ရောက်ခဲ့ပါတယ်။ အစ္စဏီရဲ့ အမှုဟာဆိုရင် လာမယ့် ဧပြီ(၁၂) ရက်နေ့မှာ တစ်နှစ် တိတိပြည့်တော့မှာဖြစ်ပါတယ်။ တစ်နှစ်နီးပါး ထောင်ထဲမှာ ထိန်းသိမ်းခြင်း ခံထားရပြီး အမှုကြန့်ကြာနေခြင်းနဲ့ ပတ်သက်လို့ အစ္စဏီရဲ့ ရှေ့နေ့ဦးကျော်ဇင်ဦး က Duwun Media သို့ ယခုလိုပြောပြခဲ့ပါတယ်။



“တရားဥပဒေအရဆို ကြာတယ်ပေါ့နော် အခုလိုကြာအောင်လုပ်တာ ဘယ်သူလဲလို့ အစ်ကိုကမေးရမယ် တရားရုံးက ကြာအောင်မလုပ်ဘူး၊ ဥပဒေနဲ့အညီ မြန်မြန်မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနေတာပဲ။ စွပ်စွဲခံရသူကလည်း ဥပဒေနဲ့အညီ မြန်မြန်နဲ့ မှန်မှန်ကန်ကန် ထုတ်ဖော်နေတာဘဲ အခုလိုကြာအောင် ဘယ်သူလုပ်လဲ ဒါအများမြင်သာပါတယ်။ အကို့အနေနဲ့တော့ အခုလိုပဲ မှတ်ချက်ပြုချင်ပါတယ်”လို့ ဒီနေ့ တရားရုံးချိန်းမှာ မီဒီယာတွေရဲ့အမေးကို ဖြေဆိုပေးခဲ့တာပါ။

တရားရုံးဘက်ကတော့ မှားယွင်းမှုမရှိဘူး ကြာအောင်လုပ်ထားတာ မရှိဘူးလို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။ အစ္စဏီကလည်း အမှုကြန့်ကြာနေတဲ့အပေါ်မှာလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။ “ကျွန်တော့်အမှု ကြန့်ကြာနေတာကတော့ အချိန်ဆွဲတာတွေ ရှိနေလို့ပေ့ါ” လို့ဆိုပါတယ်။ မကြာခင်မှာလည်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကြီးကို ရောက်ရှိတော့မှာဖြစ်လို့ ပရိသတ်တွေအတွက် ဆုတောင်းစကားလေးလည်းပြောခဲ့ပါသေးတယ်။

“သင်္ကြန်မှာ ပရိသတ်တွေအားလုံး ပျေ်ာပျော်ပါးပါးဖြတ်သန်းကြပါ။ ပရိသတ်တွေပျော်ရင်ကျွန်တော်လည်း ပျော်နေမှာပါ” ဆိုပြီး ဒီနေ့ရုံးချိန်းအပြန်မှာ ပြောပြခဲ့တာပါ။

အစ္စဏီရဲ့ အမှုကို ဧပြီ(၁၀ ) သို့ ထပ်မံချိန်းဆိုလိုက်ပြီး မူလအမှုတွဲများ ပြန်လည်ရောက်ရှိလာပါက အမှုကို စတင်စစ်ဆေးတော့မယ်လို့ သိရပါတယ်။ ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင်ပြီး ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခဲ့လို့စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။ အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတာ် ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က