ကွန်ပျူတာတက္ကသိုလ်(ပြည်) ကျောင်းသားသမဂ္ဂက က သြဂုတ်လ ၂၇ ရက်နေ့မှာ ပြည်တက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ အာဏာရှင်ဆန်တယ် တာဝန်မဲ့တယ်ဆိုပြီးတော့ ပြည်တက္ကသိုလ်ပါမေက္ခချုပ်ကို ပြည်တက္ကသိုလ်ကနေ ပြောင်းရွှေ့ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အဲ့ဒီကျောင်းအုပ်ကို ပြောင်းရွှေ့ လိုက်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
ပြောင်းရွှေ့ရာမှာ စီမံခန့်ခွဲမှုအားနည်းတာ ၊ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်သီတာကို နေပြည်တော်အဆင့်မြင့်ပညာဦးစီးဌာနမှာ ရာထူးနဲ့ အတူ တွဲဖက်တာဝန်ချထားတယ်လို့ အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။
အလားတူပဲ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်သူ ကိုမြတ်မင်းထက်ကိုလည်း ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။သူ့ကိုတော့ တက္ကသိုလ်ကျောင်းသား၊သူတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်တာက ဒီမိုကရေစီနည်းလမ်းတကျဖြစ်ပြီး အမှုဖွင့်တရားစွဲဆိုတာကတော့ ကျောင်းသားအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြည်တက္ကသိုလ်မှာ စီမံခန့်ခွဲရေးနဲ့ သင်ကြားရေးကိစ္စတွေကို ဆက်လက်လုပ်ဆောင်ဖို့ကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနက ဒုညွှန်ချုပ်ဖြစ်တဲ့ ဒေါက်တာအောင်အောင်မင်းကို တွဲဖက်တာဝန်ချထားတယ်လို့ ကြေငြာထားတာလည်းဖြစ်ပါတယ်။
ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာကိုတော့ ကျောင်းသားသမဂ္ဂကနေပြီးတော့ အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။