နယ်မှာ နေထိုင်စဥ် လူပျိုပေါက် အရွယ်တုန်းက အောင်ရဲလင်းရဲ့ ဇာတ်ကားတွေ၊ ဖက်ရှင်တွေကို ကြည့်ပြီး အတုယူခဲ့ရသူ ဖြစ်ပါတယ်တဲ့။
Photo : nyein thaw FB
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ တင်စားခေါ်ရလောက်အောင် အမျိုးသမီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသလို အမျိုးသားပရိသတ်တွေလည်း ရှိတဲ့ သရုပ်ဆောင် အောင်ရဲလင်းဟာ သူရဲ့ Idol ထဲက တစ်ဦးပါလို့ သရုပ်ဆောင် ညိမ်းသော်က ဖွင့်ဟ ပြောပြလာပါတယ်။
နယ်မှာ နေထိုင်စဥ် လူပျိုပေါက် အရွယ်တုန်းက အောင်ရဲလင်းရဲ့ ဇာတ်ကားတွေ၊ ဖက်ရှင်တွေကို ကြည့်ပြီး အတုယူခဲ့ရသူ ဖြစ်ပါတယ်တဲ့။
“ကိုအောင်ရဲလင်းက ကျွန်တော်တို့ နယ်မှာနေတုန်းက သူ့ကားတွေကို ကြည့်ပြီးအားပေးခဲ့ရတာ။ ရန်ကုန်ရောက်တော့လည်း ခင်တယ် ။ အဲဒီခေတ်က သူ့ခေတ်ပဲ ဆိုတော့ သူ့ဖက်ရှင်တွေနဲ့ ကြည့်ခဲ့ရတာပေ့ါ။ ဆံပင်ပုံစံဆိုလည်း အစ်ကို့ပုံစံတွေ ညှပ်တယ်။ မျက်ကပ်မှန်တပ်တုန်းကလည်း လိုက်တပ်တာပဲ။ အဲဒီတုန်းကဆိုလည်း အစ်ကို ရိုက်တဲ့ ဇာတ်လမ်းလေးတွေက ဆန်းဆန်းပြားပြားလေးတွေ များတော့ ကြည့်ပြီး အားပေးဖြစ်တယ်။ ကျွန်တော်က နယ်မှာနေတာဆိုတော့ အဲဒီလို ဆန်းဆန်းပြားပြားကားလေးတွေ စိတ်ဝင်စားတော့ ကြည့်ရင်းနဲ့ အစ်ကို့ဖက်ရှင်တွေကိုလည်း ကြည့်ပြီး အားပေးဖြစ်တယ်။ ကျွန်တော့်အတွက်တော့ ကိုအောင်ရဲလင်းက Idol တွေထဲက တစ်ဦးလို့ ပြောလို့ရပါတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။f
Photo : nyein thaw FB
သရုပ်ဆောင် ညိမ်းသော်ဟာ အောင်ရဲလင်းနဲ့ “ လွမ်းလို့မကျန်ရစ်စေလို” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ညိမ်းသော်က သူကြိုက်တဲ့ သရုပ်ဆောင် နဲ့အတူတူ ဇာတ်ကားတွေ ရိုက်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိ သလို အောင်ရဲလင်းကလည်း သူ့ကို အများကြီး သွန်သင်ပေးတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ကတော့ ကိုယ်သဘောကျတဲ့ အနုပညာရှင်ဆိုတော့ စကားမပြောရဲတာတွေ ရှက်တာတွေ ရှိတယ်။ ဒါပေမယ့် အစ်ကိုက အရမ်းသဘောကောင်းတယ်။ ကားရိုက်ဆုံတုန်းကလည်း ကြောက်တာတွေ ဘာတွေ ဖြစ်မှာစိုးလို့ မဖြစ်အောင် စကားတွေ ပြောပေးတယ်၊ လက်တွဲခေါ်ပေးတယ်။ အိုက်တင်လုပ်ရင် ရဲရဲလုပ် မင်းလွတ်လွတ်လပ်လပ်လုပ်ဆိုပြီး ပြောတယ် ၊ သူ့ကို တွန်းရမယ့် နေရာတွေဆိုရင် ကျွန်တော်က မတွန်းရဲဘူး။ ကိုယ့်စီနီယာဆိုတော့လေ သူကတော့ လွတ်လွတ်လပ်လပ်လုပ်ဆိုပြီး လုပ်ခွင့်ပေးတယ်။ ကျွန်တော်ဆို ကိုအောင်ရဲလင်းနဲ့ဆုံဖြစ်ရင် ကျွန်တော် ဒီကားတွေ ကြည့်တယ် ဘာညာဆို "ဟာမင်းအဲ့ဒါတွေ မကြည့်ပါနဲ့တော့ ငါရှက်လို့" ဆိုပြီး ပြောပေးတယ်”ဆိုပြီး အောင်ရဲလင်းနဲ့ ဆုံခဲ့တဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါသေးတယ်။
Photo : nyein thaw FB
ညိမ်းသော်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂျေဒိုးနပ် မုန့်ကြော်ငြာကနေစပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေရပြီဖြစ်သလို မိန်းကလေး ပရိသတ်များစွာတို့ရဲ့ အချစ်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ သရုပ်ဆောင် ညိမ်းသော်ဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာပြီဖြစ်ပြီး လတ်တလောမှာလည်း“လွမ်းလို့မကျန်ရစ်စေလို" ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ အောင်ရဲလင်း၊ရွှေမှုံရတီတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။