ကိုဗစ်ကူးစက်ခံရပြီး သက်သာခဲ့ပေမယ့် အဆုတ်ပြသနာကျန်နေသေးတာပါ။

ကင်မစ်ချ်ဟာ ဘိုင်ယန်အတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လာမယ့်နှစ်မှသာ ကစားပေးနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အဆုတ်ပြသနာတွေလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။ 


ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဂျိုရှူဟွာကင်မစ်ချ်ကတော့ ကိုဗစ်ကာကွယ်ဆေးမထိုးနှံခဲ့ဘဲ ခေါင်းမာခဲ့တဲ့အပေါ်မှာ နောင်တတွေရနေပြီဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ဟာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ထားခဲ့တာဖြစ်ပြီး ကာကွယ်ဆေးဆန့်ကျင်သူတဦးမဟုတ်ပေမယ့် ရေရှည်လေ့လာမှုမရှိဘဲ ကာကွယ်ဆေးထိုးနှံတာက မဖြစ်သင့်ဘူးလို့ ယူဆခဲ့သူပါ။ 

ဒါပေမယ့် အခုအခါမှာတော့ ကိုဗစ်ကူးစက်ခံရပြီး အဆုတ်ပြသနာကို ရင်ဆိုင်နေရတဲ့ ကင်မစ်ချ်က ကာကွယ်ဆေးမထိုးခဲ့တဲ့အပေါ် နောင်တရနေပြီဖြစ်ပါတယ်။ ဂျာမနီသတင်းဌာန ZDF နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ကင်မစ်ချ်က ဝန်ခံခဲ့တာဖြစ်ပြီး အခုချိန်မှာ သူက ကိုဗစ်ကို တန်ပြန်တိုက်ခိုက်ဖို့ ကာကွယ်ဆေးထိုးချင်နေပြီလို့ ပြောဆိုခဲ့ပါတယ်။ 

"ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ကျွန်တော့်ရဲ့ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့က ခက်ခဲပါတယ်၊ ဒါကြောင့် အချိန်တော်တော်ကြာတဲ့အထိ မဆုံးဖြတ်ခဲ့ရဘူး" လို့ ကင်မစ်ချ်က ဆိုပါတယ်။ ကိုဗစ်ကူးစက်ခံရပြီးနောက် ကင်မစ်ချ်ဟာ ဘိုင်ယန်အတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ လာမယ့်နှစ်မှသာ ကစားပေးနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အဆုတ်ပြသနာတွေလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့လကုန်ပိုင်းက သူ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ကွာရန်တင်းကာလပြီးဆုံးခဲ့ပြီဖြစ်ပေမေယ့် ကိုဗစ်ကြောင့် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ "ကိုဗစ်ပျောက်ကင်းသွားပြီဆိုတော့ အဆုတ်ထဲမှာ ပြသနာတွေရှိနေသေးလို့ အပြည့်အ၀မလေ့ကျင့်နိုင်သေးပါဘူး၊ ပြန်လည်ထူထောင်ရေးလေ့ကျင့်မှုတချို့ပြုလုပ်မှာဖြစ်ပြီး ဇန်နဝါရီမှာ အပြည့်အ၀ပြန်စဖို့ကို မစောင့်နိုင်တော့ဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

ဘိုင်ယန်မှာ ကာကွယ်ဆေးမထိုးနှံတဲ့ ကစားသမား ၅ ဦးအထိရှိနေခဲ့ပြိး ကင်မစ်ချ်အပြင် နာဘရီ၊ မူစီယာလာ၊ ချူပိုမိုတင်းနဲ့ ကူဆန်ဆီတို့ဖြစ်ကာ ကင်မစ်ချ်မှာ ကူးစက်ခံရပြီးနောက် အဆိုပါကစားသမားအားလုံးကို အသင်းက သီးသန့်နေထိုင်စေခဲ့ကာ ပွဲတိုင်းပါဝင်ကစားခြင်းမရှိစေဖို့ ညွှန်ကြားခဲ့ပါတယ်။  အဆိုပါကစားသမားတွေအနေနဲ့ အသင်းအတွက် ပွဲမကစားနိုင်ပါက လစာငွေထဲက ပြန်နုတ်ခြင်းခံရမယ်လို့လည်း ဘိုင်ယန်က အသိပေးထားကြောင်း Bild က ဖော်ပြခဲ့ပါတယ်။ 



Share

Loading Next Article...
က္က