နောက်ဆုံးရရှိထားတဲ့ခရီးသွားဆိုင်ရာသတင်း (၅)ခုကို တင်ဆက်ပေးမှာပါ။

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့မြန်မာနိုင်ငံသားများ ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းသို့ဝင်ခွင့်ပြုပြီဆိုတဲ့ သတင်းအပါအဝင် ဒီတစ်ပတ်အတွင်းနောက်ဆုံးရရှိထားတဲ့ခရီးသွားသတင်းများကို တင်ဆက်ပေးမှာဖြစ်ပါတယ်။



ဖော်ပြပါ ခရီးသွားဆိုင်ရာသတင်းအချက်လက်များကို Duwun နဲ့ Flymya တို့မှ ပူးပေါင်းတင်ဆက်ပေးထားခြင်းဖြစ်ပြီး  ပိုမိုသိရှိလိုပါက Flymya သို့ဆက်သွယ်ရန် ဒီလင့်ခ် ကိုနှိပ်ပါ

ကိုဗစ်ကာကွယ်ဆေးထိုးထားသူများ ကွာရန်တင်းဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံသို့ဝင်ခွင့်ပြုပြီ

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က စတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ကွာရန်တင်းဝင်ဖို့ မလိုဘဲ ထိုင်းနိုင်ငံသို့ ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့ ခရီးမထွက်မီ အနည်းဆုံး ၁၄ ရက်မတိုင်ခင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူမြန်မာနိုင်ငံသားခရီးသွားများအနေနဲ့ Test & Go အစီအစဉ်ဖြင့် လုံးဝကွာရန်တင်းဝင်ရန်မလိုပဲသွားရောက်နိုင်ပြီဖြစ်ပါတယ်။

Photo- ERIA

တစ်နိုင်ငံလုံးမှာ Stay at Home သတ်မှတ်ထားတဲ့  မြို့နယ် (၁၁) ခုကျန်ရှိနေဆဲ

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့  Stay at Home သတ်မှတ်ထားတဲ့  မြို့နယ် (၁၁) ခုကျန်ရှိနေဆဲဖြစ်ပါတယ်။

Stay at Home ကျန်ရှိနေတဲ့ မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးခဲ့တဲ့ ပြည်ပခရီးသွားများကို ကမ္ဘောဒီးယားက ဝင်ခွင့်ပြုမည်

ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးစီးခဲ့တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင်ပြည်ပခရီးသွားတွေကို ကမ္ဘောဒီးယားနိုင်ငံက ဝင်ရောက်ခွင့်ပြုမယ်လို့  ကြေညာထားပါတယ်

နိုဝင်ဘာ ၁၆ ရက်ကစတင်ပြီး ပြည်ပခရီးသွားများကို ကွာရန်တင်း ဝင်ဖို့ မလိုဘဲ ကမ္ဘောဒီးယားနိုင်ငံတွင်း လာရောက်လည်ပတ်နိုင်မယ်လို့‌ ကြေညာထားတာပါ။

ကပ်ရောဂါကို ထိန်းချုပ်ဖို့ ခရီးအသွားအလာတင်းကျပ်မှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံဟာ ခရီးသွားဏ္ဏကနေ အမြတ်ငွေ ၁ ဘီလျံလျော့နည်းခဲ့ပါတယ်။

Photo - The Star - ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားများ

ဒီဇင်ဘာလအတွင်း နိုင်ငံ ၅ နိုင်ငံအတွက် ကယ်ဆယ်‌ရေးလေယာဥ်များပြေးဆွဲမည်

ဒီဇင်ဘာလအတွင်း ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား (ကွာလာလမ်ပူ) ၊ တောင်ကိုရီးယား (အင်ချွန်း) ၊ UAE (ဒူဘိုင်း) နိုင်ငံနှင့် အိန္ဒိယ (ဒေလီ) နိုင်ငံတွေသို့ ကယ်ဆယ်ရေးလေယာဥ်များ ပြေးဆွဲမှာဖြစ်ပါတယ်။ ကယ်ဆယ်ရေးလေယာဥ်အချိန်ဇယားများကို [http://flymya.co/relief] မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 ခရီးသွားခြင်းဆိုင်ရာ အချက်အလက်များအတွက် အသေးစိတ်သိရှိလိုပါက

·        Hot Line: +95 1 3500666 , +95 9 797 97 8888

·        Website: www.flymya.com

·        Email: booking@flymya.coinfo@flymya.co

·        Facebook Messenger: m.me/flymyatravels

·        Join us on Telegram: t.m/flymya တို့တွင် ဆက်လက်စုံစမ်းနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က