ကစားသမားသုံးယောက် ကိုဗစ်ကူးစက်ထားတယ်လို့ ကလော့ပ်ကပြောကြားလာတာပါ။

လီဗာပူး ကစားသမား (၃) ယောက် ကိုဗစ် ကူးစက်ခံထားရတယ်လို့ ဒီတပတ် ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ လီဗာပူးနည်းပြ ကလော့ပ်က ဝန်ခံပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ လာမယ့်တနင်္ဂနွေမှာ ပွဲကျပ်အဖြစ် ချဲလ်ဆီးနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။



ဒီပွဲအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က အခုလိုပဲ ထုတ်ဖော်ပြောကြားလာတာပါ။ ကလော့ပ်က “ကျနော်တို့ အသင်းမှာ ကိုဗစ်ကူးစက်မှုအသစ်က (၃) ခုရှိပါတယ်။ အသင်းဝန်ထမ်းတွေထဲမှာတော့ မဆိုစလောက်လေး ပိုများပါတယ်။ ဒီတော့ ဒီအခိုက်အတန့်က ကောင်းမွန်တဲ့ အခိုက်အတန့်မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်ကစားသမားတွေ ကူးစက်ခံထားရတယ်ဆိုတာကိုတော့ ကလော့ပ်က ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေကိုတော့ လီဗာပူးရဲ့ အဓိကဂိုးသမား အယ်လစ်ဆန်နဲ့ တိုက်စစ် ကစားသမား ဖေမီနိုတို့ လွဲချော်ခဲ့ရပြီး ကူးစက်ခံထားရတဲ့ ကစားသမား (၃) ယောက်ထဲမှာ ဒီနှစ်ယောက် ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်။

ကလော့ပ်ဟာ အခြားအသင်းတွေ ကိုဗစ်ကူးစက်မှုကို အကြီးအကျယ် ခံစားနေရတုန်းက ဘယ်ကစားသမား ကူးစက်ခံရတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ပြောသင့်တယ်လို့ ဆိုပေမယ့် သူ့အလှည့် လီဗာပူးကစားသမားတွေ ကိုဗစ်ကူးစက်ခံရချိန်မှာတော့ နာမည်အတိအကျ ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကလော့ပ်ရဲ့ ပြောစကားတွေအရ လီဗာပူးကစားသမားအများစုက ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီလို့ ယုံကြည်ရပြီး Booster ထိုးဖိုတောင် ပြင်ဆင်နေပြီလို့ ကလော့ပ်က ပြောကြားခဲ့သေးတာပါ။

ဒီတပတ် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ချဲလ်ဆီးကလည်း ကိုဗစ်အပြင် ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး မန်စီးတီးကို အမှီလိုက်ဖို့ ကြိုးစားနေရတဲ့ ဒီနှစ်သင်းအတွက် ခက်ခဲတဲ့ ကာလတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က