ကိုဗစ်နဲ့ မသက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာကြောင့် အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရပြီးနောက် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်

ချက်ရီပတ်ဘလစ်နိုင်ငံရဲ့ သမ္မတ Milos Zeman ဟာ CVOIVD-19 ကူးစက်ခံထားရတာကြောင့် အတိုက်အခံအုပ်စုခေါင်းဆောင် Petr Fialas ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်မှုအား သမ္မတအိမ်တော်မှာ မှန်အကာအရံ အခန်းငယ်ထဲကနေ ဆောင်ရွက်ခဲ့ပါတယ်။

(ဝန်ကြီးချုပ်သစ်ခန့်အပ်မှု အခမ်းအနား) (Photo: Alamy)

သမ္မတ Zeman ကို ဆေးရုံဝန်ထမ်းက ဝှီးချဲဖြင့် ခေါ်ဆောင်လာခဲ့ပြီး အပြည့်အဝ ကာကွယ်မှုလုပ်ထားတဲ့ မှန်လုံအခန်းငယ်ထဲမှာ‌ နေရာချပေးခဲ့ပါတယ်။ ချက်နိုင်ငံမှာ ကပ်ရောဂါစည်းမျဥ်းများအရ COVID-19 ကူးစက်ခံရတဲ့ လူနာတစ်ဦးဟာ သီတင်းနှစ်ပတ်ကြာ ကိုယ်တိုင်သီးခြားခွဲနေထိုင်ကြရမှာ ဖြစ်ပါတယ်။



ချက်သမ္မတ Zeman ဟာ COVID-19 နဲ့ မသက်ဆိုင်တဲ့ အခြားကျန်းမာရေးပြဿနာကြောင့် အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရပြီးနောက် ကူးစက်ခံခဲ့ရတာလို့ ဆိုပါတယ်။ အသက် ၇၇ နှစ်အရွယ် Zeman ဟာ ဆေးလိပ် အလွန်သောက်ပြီး ယခင်က အရက်ကိုလည်း အလွန်အကျွံသောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၎င်းဟာ ယခင်ကတည်းက ဝှီးချဲအသုံးပြုနေရပြီး ဆီးချိုရောဂါ ခံစားနေရပါတယ်။

(ချက်ဝန်ကြီးချုပ်သစ် Petr Fialas) (Photo: EPA)

ချက်ရီပတ်ဘလစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာရှိတာမျိုး မဟုတ်ပေမဲ့ ၎င်းက အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရေး ဆွေးနွေးမှုတွေကို ဦးဆောင်သူဖြစ်ပါတယ်။ ချက်နိုင်ငံရဲ့ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အတိုက်အခံအုပ်စုက ဝန်ကြီးချုပ် Andrej Babis ကို မျှော်လင့်မထားဘဲ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ရာ အစိုးရအပြောင်းအလဲ ဖြစ်လာခဲ့ပါတယ်။

(ယခင်ကတည်းက ဝှီးချဲဖြင့် သွားလာနေရသည့် ချက်သမ္မတ) (Photo: AP)

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဝန်ကြီးချုပ်က အဓိက ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပေမဲ့ သမ္မတ Zeman က လာမယ့် သီတင်းနှစ်ပတ်အတွင်း ဝန်ကြီးအဖြစ် အဆိုပြုခံရသူတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ မှန်လုံအခန်းငယ်ထဲကန မိုက်ခရိုဖုန်းဖြင့် ပြောခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်မှုကို ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ဆောင်ရွက်သွားပြီးနောက် အစိုးရသစ်တစ်ရပ်က ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ Andrej Babis ထံမှ အာဏာလွှဲပြောင်းရယူသွားမယ်လို့ သိရပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က