ဘီလန်နက်စ်အသင်းမှာ ကိုဗစ်ကူးစက်မှုတွေဖြစ်ပွားနေခဲ့လို့ ဒီပွဲကိုကစားဖို့ရာ ကစားသမားအင်အားအလုံအလောက်မရှိခဲ့ဘဲ ပွဲထွက်လူစာရင်းမှာ ကစားသမား ၉ ဦးတည်းသာ ပါဝင်ခဲ့ပါတယ်။
ဒီတပတ်ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်ဖြစ်တဲ့ ဘီလန်နက်စ်နဲ့ ဘင်ဖီကာတို့ရဲ့ ပွဲစဉ်ကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဆိုးရွားတဲ့ဖြစ်ပျက်မှုတွေရှိနေခဲ့ပါတယ်။ ဘီလန်နက်စ်အသင်းမှာ ကိုဗစ်ကူးစက်မှုတွေဖြစ်ပွားနေခဲ့လို့ ဒီပွဲကိုကစားဖို့ရာ ကစားသမားအင်အားအလုံအလောက်မရှိခဲ့ဘဲ ပွဲထွက်လူစာရင်းမှာ ကစားသမား ၉ ဦးတည်းသာ ပါဝင်ခဲ့ပါတယ်။
ဒီ ၉ ဦးထဲမှာ အရန်ဂိုးသမားတစ်ဦးကို ထည့်သွင်းကစားခဲ့ရပြီး ဘင်ဖီကာကတော့ လူစုံတက်စုံပါဝင်ခဲ့ကာ ပြိုင်ဘက်ကိုလည်း ဂိုးပြတ်သွင်းယူသွားခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဘင်ဖီကာက ၇ ဂိုးအထိ သွင်းယူခဲ့ပြီး နဂိုကတည်းက ခြေစွမ်းချင်းမယှဉ်နိုင်တဲ့ အထဲမှာမှ လူစုံတက်စုံနဲ့လည်း မကစားခဲ့ရလို့ မရှုမလှဖြစ်ခဲ့ရပါတယ်။
ဒီပွဲကိုမရွှေ့ဆိုင်းဘဲ ကစားခဲ့တဲ့အပေါ်မှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ရူဘင်နာဗက်စ်တို့လို ပေါ်တူဂီသားတွေက ဝေဖနခဲ့ကြပါတယ်။ တွစ်တာပေါ်မှာ ဘာနာဒိုဆေးလ်ဗားက "ဒါကဘာလဲဗျာ၊ ဘာလို့ပွဲကိုမရွှေ့ဆိုင်းတာလဲ၊ ကျနော်ပဲ နားမလည်တာလား" လို့ ရေးသားခဲ့ပြီး သူ့ရဲ့ပြောဆိုမှုကို နာဗက်စ်ကလည်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီပွဲကိုကစားဖို့အတွက် ဘီလန်နက်စ်အသင်းဘက်က ပြောဆိုခဲ့တာလို့လည်း သတင်းတွေကဖော်ပြခဲ့ကြပြီး ပုံမှန်အတိုင်းကစားဖို့ဆုံးဖြတ်ခဲ့သူတွေမှာ အပြစ်မရှိဘူးလို့လည်း ဆိုခဲ့ကြပါတယ်။