အောက်တိုဘာလအတွင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရ ပရီးမီးယားလိဂ်ကစားသမား ၆၈% သာ ကာကွယ်ဆေးအပြည့်အ၀ထိုးနှံထားတာလို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်အသင်းတွေဟာ ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ အိုမီခရွန်သက်ရောက်လာမှုကြောင့် ပွဲစဉ်တွေရွှေ့ဆိုင်းရမယ့်အပေါ် ကြောက်ရွံ့ထိတ်လန့်နေတယ်လို့ သိရပါတယ်။ ယူနိက်တက်၊ နော်ဝှစ်ချ်၊ အာဆင်နယ်၊ စပါး၊ လက်စတာနဲ့ အက်စတွန်ဗီလာတို့မှာ ကိုဗစ်ကူးစက်ခံရတဲ့ ကစားသမားတွေရှိနေပြီး ဒီတပတ်မှာ ဘရန်ဖို့ဒ်-ယူနိုက်တက်ပွဲစဉ် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။
ကလပ်အသင်းတွေထဲမှာ ၀ုလ်ဗ်အသင်းတသင်းတည်းသာ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ပြောဆိုထားတဲ့ အသက် ၁၈ နှစ်အထက်လူတွေအားလုံး တတိယမြောက်ကာကွယ်ဆေးထိုးနှံရမယ်ဆိုတဲ့ စီမံချက်ကို လိုက်နာတဲ့ အသင်းဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာ လိဒ်ယူနိုက်တက်နဲ့ ဘရန်ဖို့ဒ်တို့က သူတို့ကစားသမားတွေကို တတိယမြောက်ကာကွယ်ဆေးထိုးနှံပေးဖို့စီစဉ်နေပြီလည်းဖြစ်ပါတယ်။
အောက်တိုဘာလအတွင်းရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရ ပရီးမီးယားလိဂ်ကစားသမား ၆၈% သာ ကာကွယ်ဆေးအပြည့်အ၀ထိုးနှံထားတာလို့ ဆိုပါတယ်။ မိမိဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံဖို့ငြင်းဆန်တဲ့ ကစားသမားတွေလည်းရှိနေပြီး အခုလိုကူးစက်မှုပျံ့နှံ့လာချိန်မှာတော့ ကလပ်အသင်းတွေက ကာကွယ်ဆေးမဖြစ်မနေထိုးဖို့အတွက် ကစားသမားတွေကို တွန်းအားပေးလာဖွယ်ရာရှိနေပါတယ်။