စပါးတို့ လေ့ကျင့်ခန်းဆင်းဖို့တောင် အခက်တွေ့နေတာပါ။

စပါးနည်းပြ ကွန်တီက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းဖို့ ကစားသမား အလုံအလောက်မရှိလို့ အရုပ်ကတ်ဒ်ပြားတွေကို အသုံးပြုပြီး လေ့ကျင့်ခန်းဆင်းခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ပရီးမီးယားလိဂ်မှာ စပါးက ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ အသင်းတသင်းဖြစ်ပြီး ပြိုင်ပွဲစုံ (၃) ပွဲအထိ ဖျက်သိမ်းခဲ့ရတာပါ။



 

စပါးဖျက်သိမ်းခဲ့ရတဲ့ပွဲတွေကတော့ ယူရိုပါကွန်းဖရင့်လိဂ်အဖြစ် ရန်းနက်စ်နဲ့ပွဲ၊ ပရီးမီးယားလိဂ်အဖြစ် ဘရိုက်တန်၊ လက်စတာတို့နဲ့ ကစားမယ့်ပွဲစဥ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

 

ဒါပေမယ့် လာမယ့်တနင်္ဂနွေမှာ ကစားမယ့် လီဗာပူးနဲ့ပွဲကိုတော့ စပါးတို့ မဖြစ်မနေ ကစားရဖို့ရှိပြီး ဒီအတွက်လည်း ကစားသမား အင်အား မလုံမလောက်ဖြစ်နေဆဲပါ။

 

အဲ့ဒါကြောင့် ကွန်တီက “နည်းဗျူဟာပိုင်းအတွက် တခုခုလုပ်ဖို့၊ ကစားကွက်ဖော်ဖို့အတွက်ဆိုရင် ခင်ဗျားအတွက် ကစားသမား အရေအတွက် အယောက် (၂၀) အနည်းဆုံးလိုအပ်ပါတယ်။ အခုချိန်မှာ ဒီလောက်မရိုးရှင်းပါဘူး။ ဒီတော့ ကျနော်လည်း အရုပ်ကတ်ဒ်ပြားတွေချပြီး လေ့ကျင့်ခိုင်းလိုက်ပါတယ်”

 

“ပြီးတော့ လေ့ကျင့်ခန်းအစီအစဥ်ကို ရပ်လိုက်ပါတယ်။ ဒီလိုတွေ လုပ်ရတာ မလွယ်ပါဘူး။ အရင်နဲ့တူညီတဲ့ကိစ္စတွေလည်း မဟုတ်ပါဘူး။ အခု ကျနော်တို့က လေ့ကျင့်ခန်း အပြည့်ပြန်ဆင်းနေရတယ်။ သေချာပါတယ်။ ဒီလိုအနေအထားမျိုးနဲ့ ရင်ဆိုင်ရတာ မလွယ်သလို ကစားသမားတွေကို လေ့ကျင့်ပေးဖို့လည်း မလွယ်ပါဘူး”

 

“ကစားသမား (၁၂) ယောက်တည်းရှိတော့ ပိုခက်ခဲတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးဟာ ရန်းနက်စ်နဲ့ပွဲစဥ်ကို ဖျက်သိမ်းခဲ့ပြီးနောက် ဒီနှစ်အတွင်း ပြန်ကစားဖို့ မသေချာတာကြောင့် အရှုံးပေးပြီး ကွန်းဖရင့်လိဂ်အုပ်စုက ထွက်ရနိုင်ခြေများနေပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ မသေချာသေးဘဲ နှစ်ဘက်အသင်းနဲ့ ယူအီးအက်ဖ်အေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က