စပါးနဲ့ရန်းနက်စ်ပွဲ ရွှေ့ဆိုင်းခဲ့တဲ့အပေါ် ရန်းနက်စ်ဘက်က မကျေမနပ်ဖြစ်နေတာပါ။

စပါးနဲ့ရန်းနက်စ်တို့ ဒီညမှာ ကစားမယ့် ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဥ်ကို စပါးဘက်က ကိုဗစ်ပြဿနာတွေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်လီဂူးကလပ် ရန်းနက်စ်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘဲ စပါးအနေနဲ့ ပွဲကစားဖို့ ကစားသမားအလုံအလောက်ရှိတယ်လို့ ယုံကြည်နေတာပါ။



စပါးဟာ ပြီးခဲ့တဲ့ရက်ပိုင်းတည်းက ပထမအသင်းကြီး ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေ ကိုဗစ်ကူးစက်ခံထားရတယ်လို့ဆိုပြီး ကစားသမား (၈) ယောက်နဲ့ အသင်းဝန်ထမ်း (၉) ယောက်ဖြစ်တယ်လို့ဆိုထားပါတယ်။

ကိုဗစ်အတွက် သတ်မှတ်ထားတဲ့စည်းမျဥ်းတွေအရ အသင်းတသင်းမှာ့ဆိုင်းခစပါးဘက်က ကိုဗစ်ပြဿဂ်ပဲွျေပပေးနေတအပ်တ ဂိုးသမားတယောက်နဲ့ ဂိုးသမားမဟုတ်တဲ့ ကစားသမား (၁၃) ယောက်က ကိုဗစ်ကူးစက်ခံထားရခြင်းမရှိဘူးဆိုရင် ပွဲကို ပုံမှန်အတိုင်း ကစားရမှာပါ။ စပါးအနေနဲ့ ပွဲကစားဖို့ လုံလောက်တဲ့ လူအင်အားရှိနေပေမယ့် ပွဲကိုရွှေ့ဆိုင်းဖို့သာ ကြိုးစားခဲ့တဲ့အပေါ် ရန်းနက်စ်က မကျေမနပ်ဖြစ်နေပါတယ်။

ရန်းနက်စ်ဘက်က “ဒီညပွဲကို ဖျက်သိမ်းတယ်လို့ ယူအီးအက်ဖ်အေဘက်က အတည်ပြုခဲ့တဲ့နောက် ကျနော်တို့ ပြင်သစ်ကို ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျနော်တို့ တသင်းလုံး ကိုဗစ်ကူးစက်ခံထားရခြင်းမရှိပါဘူး။ အသင်းတွေအနေနဲ့ အခုထက်ပိုပြီး လေးစားမှုရှိတဲ့ လုပ်ရပ်မျိုးကို ပြုလုပ်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”

“အခု ကျနော်တို့ တနင်္ဂနွေမှာ နိုက်စ်နဲ့ ကစားမယ့်ပွဲအတွက်ပဲ အာရုံစိုက်ပါတော့မယ်။ စပါးကွင်းကို လာရောက်အားပေးမယ့် ရန်းနက်စ်ပရိသတ်တွေအတွက်လည်း ကျနော်တို့ နက်နက်ရှိုင်းရှိုင်း စိတ်မကောင်းဖြစ်မိပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ရန်းနက်စ်ဟာ ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကစားချင်တယ်လို့ ယူအီးအက်ဖ်အေထံ တောင်းဆိုခဲ့ပြီး တကယ်လို့ အခုလို မကစားဖြစ်ခဲ့ဘူးဆိုရင် ပွဲကို ရွှေ့ဆိုင်းတယ်လို့ မသတ်မှတ်ဘဲ အပြီးတိုင်ဖျက်သိမ်းပေးဖို့ ပြောကြားထားတယ်လို့ သိရှိရပါတယ်။ ယူအီးအက်ဖ်အေကတော့ ပွဲပြန်ကစားမယ့်ရက်ကို နှစ်သင်းလုံးနဲ့ညှိနှိုင်းနေပြီး ဒီဇင်ဘာ (၃၁) မှာ ကစားဖို့ လျာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က