ရက်အနည်းငယ်အတွင်း ပြန်လည်သက်သာလာခဲ့တာပါ။

ကိုဗစ်ကူးစက်ခံထားရတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီဟာ ဆေးစစ်မှုရလဒ် နဂ္ဂတစ်ထွက်ခဲ့ပြိဖြစ်လို့ အာဂျင်တီးနားကနေ ပဲရစ်ကို ပြန်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ပြန်လည်စစ်ဆေးခဲ့တာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ကူးစက်ခံရမှုကနေ ပြန်လည်သက်သာခဲ့ကာ ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ 

အာဂျင်တီးနားကို အားလပ်ရက်အဖြစ် ပြန်သွားချိန်မှာ မက်ဆီက ကူးစက်ခံခဲ့ရတာဖြစ်ပြီး သီးသန့်နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မျှော်လင့်ထားတာထက် ပိုမိုစောစီးစွာ ပြန်လည်သက်သာလာခဲ့လို့ ပြင်သစ်ကလပ်အတွက် ပါဝင်ကစားပေးနိုင်တော့မှာဖြစ်ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ပြန်လည်သက်သာခဲ့တာပါ။ 

နောက်ဆက်တွဲစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး အင်္ဂါနေ့က ရလဒ်မှာ နဂ္ဂတစ်ပြန်လည်ပြသခဲ့တာလို့ Ole သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာ မက်ဆီက ကွာရန်တင်းဝင်ခဲ့ရာ Funes Hills ကနေ ပဲရစ်ကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပြန်လာဖို့ စီစဉ်နေကာ Rosario လေဆိပ်ကို ရောက်ရှိနေတဲ့ ဓာတ်ပုံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

ပီအက်စ်ဂျီကတော့ တနင်္ဂနွေနေ့မှာ လိုင်ယွန်နဲ့ ကစားရမှာဖြစ်ပြီး မက်ဆီအနေနဲ့ အဆိုပါပွဲကို ဝင်ကစားပေးဖို့အတွက်တော့ မသေချာဘူးလို့ သိရပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဘရက်စ်နဲ့ကစားရမှာဖြစ်ပြီး အဆိုပါပွဲမှသာ မက်ဆီပြန်လည်ကစားပေးနိုင်ဖွယ်ရှိတယ်လို့လည်း Euro Sports က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က