Apple ကလည်း ပုံမှန် COVID-19 စမ်းသပ်မှုတွေ လုပ်သွားမှာပါ

အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Adobe ဟာ ကုမ္ပဏီရဲ့ COVID-19 ဆိုင်ရာမူဝါဒတွေကို တင်းကြပ်လိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ အမေရိကန်က ဝန်ထမ်းတွေကို ဒီဇင်ဘာ ၈ ရက်နေ့ နောက်ဆုံးထားပြီး COVID-19 ဆေး ထိုးဖို့နဲ့ ကာကွယ်ဆေး ထိုးမထားတဲ့ အမေရိကန်က Adobe ဝန်ထမ်းတွေကို လစာမဲ့ခွင့် သတ်မှတ်သွားမယ့်အကြောင်း သောကြာနေ့က ဝန်ထမ်းတွေကို အသိပေးလိုက်တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေလ်ကို CNBC က ဖတ်ရှုခဲ့ရတာ ဖြစ်ပြီး ဒီလို လုပ်ရတာဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဖက်ထရယ်ကန်ထရိုက်တာတွေကို တိုက်ရိုက်ညွှန်ကြားတဲ့အမိန့်အရလို့လည်း ပြောပါတယ်။ 




Photo: officelovin


Adobe ရဲ့ ဝန်ထမ်းရေးရာအကြီးအကဲချုပ် ဂလိုရီယာချန်ကနေ ပေးပို့တဲ့ အီးမေးလ်မှာ ကုမ္ပဏီတွင်း Internal Survey ကို ဖြေဆိုထားတဲ့ အမေရိကန်ဝန်ထမ်းတွေရဲ့ ၉၃.၅% ဟာ ကာကွယ်ဆေးအကြိမ်ရေ ပြည့်ထိုးပြီးသူတွေနဲ့ ဆေးပတ်လည်အောင် ထိုးနေဆဲလူတွေ ဖြစ်ကြတယ်လို့လည်း ဖော်ပြထားပါတယ်။ Adobe ကုမ္ပဏီအနေနဲ့ ဘာသာရေးအရ ကာကွယ်ဆေးမထိုးတဲ့ ဝန်ထမ်းတွေနဲ့ တခြားသူတွေကို ရောဂါပြန်မကူးစက်နိုင်သူတွေအတွက်လည်း ထည့်သွင်း စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

အခုလို ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးမူကို အမေရိကန်နည်းပညာလုပ်ငန်းစုကြီး ဖြစ်တဲ့ IBM ကလည်း ပြီးခဲ့တဲ့လထဲမှာ သမ္မတအမိန့်အရ မဖြစ်မနေ ထိုးနှံဖို့ အမေရိကန်က ကုမ္ပဏီဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။ Apple ကုမ္ပဏီကတော့ COVID-19 ကာကွယ်ဆေး ထိုးထားသူတွေရော ၊ မထိုးရသေးသူတွေပါ ပုံမှန် ကိုဗစ်စစ်ဆေးမှုလုပ်သွားမယ်လို့ ဆိုပါတယ်။ Apple ဟာ ကုမ္ပဏီဝန်ထမ်းတွေကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ကာကွယ်ဆေးထိုးထားကြောင်း သက်သေခံကတ်ပြဖို့ပါ ညွှန်ကြားထားပါတယ်။ 

Photo: CNET


Apple ကုမ္ပဏီဟာ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး COVID-19 ကာကွယ်ဆေးထိုးမထားတဲ့ ဝန်ထမ်းတွေကို နေ့စဉ်ရုံးတက်တိုင်း COVID-19 စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ ကာကွယ်ဆေးမထိုးထားတဲ့ လက်လီဝန်ထမ်းတွေကိုတော့ တစ်ပတ်နှစ်ကြိမ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်သွားမှာ ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးသား ဝန်ထမ်းတွေကတော့ တစ်ပတ် တစ်ကြိမ်ပဲ COVID-19 စမ်းသပ်မှု လုပ်ဆောင်သွားမှာပါ။ 

သမ္မတဂျိုးဘိုင်ဒန်ဟာ ဝန်ထမ်း ၁၀၀ အထက် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းများ COVID-19 ကာကွယ်ဆေးထိုးနှံရေး ကြပ်မတ်ဖို့နဲ့ အပတ်စဉ်ကိုဗစ်စမ်းသပ်မှုတွေ လုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က