စိန့်အက်တီယန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ပီအက်စ်ဂျီအတွက် အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဘတ်ပီဟာ အသင်းတိုက်စစ်မှူးဟောင်းဇလာတန်ရဲ့ ကလပ်သွင်းဂိုးစံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးအထိ ရယူနိင်ခဲ့ပြီး သူ့ရဲ့ ပီအက်စ်ဂျီအတွက်သွင်းဂိုးဟာ ၁၅၆ ဂိုးအထိရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘတ်ပီက "နန့်တက်စ်နဲ့ပွဲကအတိုင်း အစပိုင်းမှာ ကျနော်တို့ နည်းနည်းအခက်တွေ့ခဲ့ပါတယ်၊ ဂိုးလည်းအစောကြီးပေးခဲ့ရပြီး ကျနော်တို့ညံ့ဖျင်းခဲ့ပါတယ်၊ ဒါပေမယ့် ကြိုးစားအားထုတ်မှုကြောင့် အနိုင်ရခဲ့တာပါ၊ ချေပဂိုးရအောင်သွင်းနိုင်ခဲ့ပြီးနောက်မှာ ပုံစံကောင်းပြန်ရခဲ့ပါတယ်၊ ကျနော်လည်း ၂ ဂိုးသွင်းနိုင်ခဲ့ပြီးတော့ ဒါက ပွဲကို ကျနော်တို့ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတာပါပဲ၊ စွမ်းဆောင်ရည်ကောင်းပြနိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးကာလအပိုင်းအခြားကို ရောက်ရှိနေသူဖြစ်ပြီး စာချုပ်သစ်အတွက် လက်မှတ်မရေးထိုးရသေးသူဖြစ်ပါတယ်။ ပြင်သစ်ကလပ်ကတော့ သူ့ကိုစာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေပေမယ့် ကစားသမားက လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီအသင်းသမိုင်းမှာ ဂိုးအများဆုံးသွင်းယူထားသူကတော့ ကာဗာနီဖြစ်ပြီး ၂၀၀ ဂိုးအထိ ရရှိခဲ့ပါတယ်။ ဘတ်ပီကတော့ ဒုတိယနေရာကို တက်ရောက်ခဲ့ပြီး ကာဗာနီကို လိုက်မီဖို့အတွက် ၄၄ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။