၅၀ကျပ်နဲ့ရောင်းပေးမယ့်လည်း တုတ်ထိုးအရွယ်အစားကမသေးလွန်းတာကြောင့် ပိုက်ဆံတစ်ထောင်ရှိရင် ဗိုက်၀စေမယ့်ဒုတ်ထိုးဆိုင်လေးဖြစ်ပါတယ်။

အမဲသားတုတ်ထိုးကြိုက်သူတွေအတွက် ကြိုက်တာစားတစ်ချာင်း၅၀ပဲပေးရတဲ့ စျေးတန်၊လက်ရာကောင်း အမဲသားတုတ်ထိုးဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ကရင်အမျိုးသမီးလေးရောင်းတဲ့ ၅၀တန်အမဲသားတုတ်ထိုးဆိုင်လေး

အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်အတွင်းမှာကရင်အမျိုးသမီးလေးဖွင့်ထားတဲ့ နော်မမအမဲသားတုတ်ထိုး ဆိုင်လေးပါ။ အမဲသားတုတ်ထိုးဆိုင်လေးမဖွင့်ခင်က နော်မမဟာ ကျန်းမာရေးဝန်ထမ်း Nurse Aide တစ်ဦးဖြစ် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ကိုဗစ်ကာလမှာလုပ်ငန်းခွင်၀င်ဖို့အခက်ခဲတွေကြောင့် ကိုယ်ပိုင်စျေးရောင်းတဲ့ လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့စဥ်းစားရင်း ဒီဆိုင်လေးကိုဖွင့်ဖြစ်ခဲ့တာပါ။ ကိုယ်တိုင်ကအိမ်ရှင်မတစ်ဦး ဖြစ်တာကြောင့် မိသားစုကိုအိမ်မှာတုတ်ထိုးလုပ်ကြွေးတဲ့ပုံစံလေးအတိုင်းပဲလုပ်ပြီးရောင်းခဲ့တာပါလို့ နော်မမက ပြောပါတယ်။

“ဆိုင်မဖွင့်ခင်က ဆေးရုံမှာလုပ်တာ ကလေးကိုယ်ဝန်နဲ့မှာနားလိုက်ပြီး ကလေးနဲနဲကြီးလာတော့ အလုပ်ပြန်၀င်မယ်ဆိုတော့ ကိုဗစ်နဲ့အဆင်မပြေတော့ဘူး။ အဲ့ဒါနဲ့စျေးရောင်းမယ်ဆိုပြီး ဒီဆိုင်လေးမဖွင့်ခင် တခြားဟာတွေအရင်ရောင်းသေးတယ်။ သိပ်အဆင်မပြေဘူး အဲ့ဒါနဲ့ကိုယ်လုပ်တတ်တာလေးတည်းက  ပြန်စဥ်းစားတော့ ဒုတ်ထိုးဆိုင်လေးဖွင့်မယ့်ဆိုပြီး စဖွင့်ဖြစ်တာပေါ့။ကိုယ်တိုင်ကအမဲသားဒုတ်ထိုးကြိုက်တယ်။ အဲ့တော့ကိုယ်ကြိုက်တဲ့အတိုင်းလေးပဲ လုပ်ရောင်းတာ စားသုံးသူတွေကလည်းကြိုက်ကြတော့ ဒီလုပ်ငန်းလေးနဲ့ အဆင်ပြေပြေ ရပ်တည်လာနိုင်တယ်” လို့ နော်မမကပြောပါတယ်။

ရပ်ကွက်ဆိုင်လေးဖြစ်ပေမယ့် နေရာအစုံကလာစားကြတဲ့ဆိုင်လေး

ဆိုင်သက်တမ်း၂နှစ်ဝန်းကျင်သာရှိသေးတဲ့ နော်မမရဲ့ အမဲသားတုတ်ထိုးဆိုင်လေးဟာ ရပ်ကွက်အတွင်းထဲမှာ ဖွင့်ထားတဲ့ဆိုင်လေးဖြစ်ပေမယ့်တခြားမြို့နယ်တွေကစားသုံးသူတွေပါ တကူးတကလာစားကြတဲ့ အမဲသား တုတ်ထိုးဆိုင်လေးပါ။ဒီလိုတကူးတကလာစားရတဲ့ အဓိကအကြောင်းအရင်းကတော့ စျေးတန်ပြီးလက်ရာကောင်း တာကြောင့်ဖြစ်ပါတယ်။ဒီဆိုင်လေးမှာတော့ အမဲတုတ်ထိုးကကြိုက်တာစားတစ်ချောင်း၅၀ ကျပ်သာကျသင့်တာ ဖြစ်ပါတယ်။

“အမဖောက်သည်တွေက အင်းစိန်မြို့နယ်ထဲကအပြင် ရွှေပြည်သာ၊ဆူးလေတို့ကနေပါတကူးတကလာစား ကြတယ်။ကိုယ်ကရပ်ကွက်ထဲမှာဖွင့်ထားတာ ကားဂိတ်နဲ့က ဝေးတော့ တခါတလေလာစားတဲ့သူတွေကို အားနာတယ်။ ဒါပေမယ့်လည်း ဖောက်သည်တွေကလိုင်းကားနဲ့လာတယ်။ ပြီးရင်ဆိုင်ကယ်ကယ်ရီစီးပြီး အမဆိုင်လေး ကိုလာကြတယ်။တစ်ချို့ဆိုလူစုပြီးကားဌားပြီးတော့ပါလာစားကြတယ်။ အင်းစိန်မြို့နယ်ထဲက ဆိုရင်တော့မှာစားကြတာများတယ်။ဖုန်းဆက်ရင်ဆိုင်ကယ် deli နဲ့သွားပို့ပေးပါတယ်။ အဲ့လိုအားပေးကြတာကအမအတွက် ခွန်အားပါပဲ”လို့ နော်မမကပြောပါတယ်။

ကုန်စျေးနှုန်းတက်ပေမယ့် ၅၀ကျပ်နဲ့သာဆက်ရောင်းဦးမယ့်တုတ်ထိုးဆိုင်လေး

ဆိုင်စဖွင့်စဥ်က တစ်ရက်ကို အမဲသားနှစ်ပိဿနဲ့စတင်ခဲ့တဲ့ဆိုင်လေးဟာ စေတနာနဲ့လက်ရာကြောင့် အခုတော့ တစ်ရက်ကို အမဲသားပိဿချိန် အချိန်တစ်ဆယ်ဝန်းကျင်လောက်ကုန်ပြီးပုံမှန်ဖောက်သည်တွေနဲ့ ရပ်တည် နေနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေတက်‌နေပေမယ့်လည်း စေတနာနဲ့တောင့်ခံပြီး တုတ်ထိုးတစ်ချောင်း ၅၀ကျပ်နဲ့သာဆက်လက်ရောင်းချသွားဦးမယ်လို့လည်း နော်မမကပြောပါတယ်။

“အသားစျေးတွေကတတ်ပေမယ့်လည်း အစ်မက၅၀နဲ့ဆက်တောင့်ခံပြီး ရောင်းသွားဦးမှာပါ။အဓိကကတော့ ဖောက်သည်တွေရဲ့ အားပေးမှုပေါ့။ အစ်မက တစ်ခါတလေဆိုPageကနေတင်တယ်။ ၅၀နဲ့ဆက်ရောင်းနိုင်ဖို့က ဖောက်သည်တွေရဲ့အားပေးမှုပေါ်မှာမူတည်လို့ အားပေးကြပါဦးဆို အစ်မဖောက်သည်တွေက အားပေးတယ်။ ရောင်းအားပေါ်မှာမူတည်ပြီး အမြတ်ကျန်တော့ အခုထိတော့အဆင်ပြေနေသေးတယ်။ ၅၀နဲ့အချိန်တော်တော်ကြာဆက်ရောင်းနိုင်ဦးမယ်လို့အမယုံကြည်ပါတယ်”လို့ နော်မမကဖောက်သည်တွေရဲ့ချစ်ခင်အားပေးမှုကိုပီတိဖြစ်စွာနဲ့ပြောပြပါတယ်။

ဈေးတွက်နေစရာမလိုဘဲ တုတ်ထိုးအဝစားနိုင်မယ့်ဆိုင်လေး

နော်မမရဲ့အမဲသားတုတ်ထိုးဟာ တစ်ခါစားပြီးရင် သတိတရနဲ့ထပ်ခါထပ်ခါလာစားကြတဲ့အထိ လက်ရာကောင်းမွန် လှပါတယ်။ဒီလိုအနံ့အရသာနဲ့ပြည့်စုံတဲ့တုတ်ထိုးဖြစ်ဖို့အတွက် ကုန်ကြမ်းလတ်လတ်ဆတ်ဆတ် ရွေးချယ် ဝယ်ယူသလို ဆေးကြောသန့်စင်တဲ့နေရာမှာလည်း အနံ့အသက်ကင်းအောင် ဆားနဲ့သေချာဆေးကြောတယ်လို့ သိရပါတယ်။ ၅၀ကျပ်နဲ့ရောင်းပေးမယ့်လည်း တုတ်ထိုးအရွယ်အစားကမသေးလွန်းတာကြောင့် ပိုက်ဆံတစ်ထောင်ရှိရင် ဗိုက်၀စေမယ့်ဒုတ်ထိုးဆိုင်လေးဖြစ်ပါတယ်။

“အမဲသားကညှီနံ့ရှိတော့အဓိကအဲ့ဒါကိုပျောက်အောင် သေချာဆေးတယ်။အူကြမ်းဆိုလည်း ဘရပ်နဲ့ သေချာတိုက်ပြီးတော့ဆေးတယ်။ အဲ့တော့ညှီနံ့မရှိတော့ တုတ်ထိုးကစားလို့ကောင်းတယ်။ ဝါးရတာအဆင်ပြေဖို့အတွက်လည်း သေချာပြုတ်တယ်။ နူးပြဲကြီး မဟုတ်ဘဲ  စားကောင်းအောင်သေချာလေးလုပ်တယ်။တစ်ချောင်း၅၀နဲ့ရောင်းပေမယ့် တုတ်ထိုးကိုသေးသေးလေးတွေ မလုပ်ထားဘူး အဲ့ဒါတွေကြောင့်ပဲ စားသုံးသူတွေကကြိုက်ကြတာထင်ပါတယ်။”လို့နော်မမကပြောပါတယ်။

နော်မမရဲ့အမဲသားတုတ်ထိုးဆိုင်လေးမှာရနိုင်တဲ့အမယ်တွေနဲ့စျေးနှုန်းလေးတွေက

နော်မမရဲ့အမဲသားတုတ်ထိုးဆိုင်လေးမှာတော့ အမဲအသဲနှလုံး၊ကျောက်ကပ် ၊လျှာကလွဲရင်အကုန်ရပါတယ်။ ရနိုင်တာတွေကတော့ အချင်းတိုင်၊အူချဥ်ဖူး၊နို့အုံသား၊အူချို၊အူပိတ်၊ပါးဆောင်၊ အမဲမျက်လုံးနဲ့၊ အမဲဖိုက်တင်းဘောတို့ရနိုင်ပါတယ်။စျေးနှုန်းတွေကတော့ အမဲဒုတ်ထိုးတစ်ချောင်း၅၀ကျပ်၊ အမဲပြုတ်အစုံတစ်ပွဲ-၁၅၀၀ကျပ်၊အမဲအစုံသုပ် တစ်ပွဲ၂၀၀၀ကျပ်နဲ့ ကြာဇံကြော်၆၀၀ကျပ်ဖြစ်ပါတယ်။

၅၀တန်အမဲသားတုတ်ထိုးဆိုင်လိပ်စာလေးက

ဆိုင်ဖွင့်ချိန်ကတော့ နေ့လည်၁၂နာရီကနေ ညနေ၆နာရီခွဲ ထိဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါတယ်။ ဆိုင်လိပ်စာကတော့ အင်းစိန်မြို့နယ်၊တောင်သူကုန်းရပ်ကွက်၊ အောင်မင်္ဂလာ၃လမ်း၊ပလောလားဟေး ဘုရားကျောင်းရှေ့မှာဖြစ်ပါတယ်။ ဖုန်းနံပါတ်09987396286 ကိုဆက်သွယ်ပြီးအင်းစိန်မြို့နယ်အတွင်းဆို deliveryနဲ့ ပို့ဆောင်ပေးပါတယ်။ အမဲသားဒုတ်ထိုးကြိုက်သူ တွေအတွက် စျေးတွက်နေစရာ မလိုပဲ အဝစားနိုင်မယ့်ဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က