လီဝန်ဒေါစကီး၊ ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့က မက်ဆီနဲ့အပြိုင်ရေပန်းစားနေပြီး ဝေဖန်သူတချို့ကတော့ မက်ဆီဟာ ဘာစီလိုနာအတွက် ဘာမှမလုပ်ပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို သူ ရရှိမယ်လို့ မထင်ထားကြောင်းနဲ့ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ရရှိထားပြီးဖြစ်လို့ အကြီးမားဆုံးဆုလာဘ်တစ်ခုကို ပိုင်ဆိုင်ထားပြီးပြီလို့ မက်ဆီက ပြောဆိုလိုက်ပါတယ်။ ဒီလနှောင်းပိုင်းမှာ ပေးအပ်သွားမယ့် အဆိုပါဆုအတွက် မက်ဆီက ထိပ်ဆုံးကနေ ရေပန်းစားနေသလို သူသာရရှိခဲ့ပါက ထိုက်တန်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
လီဝန်ဒေါစကီး၊ ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့က မက်ဆီနဲ့အပြိုင်ရေပန်းစားနေပြီး ဝေဖန်သူတချို့ကတော့ မက်ဆီဟာ ဘာစီလိုနာအတွက် ဘာမှမလုပ်ပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကိုပါအမေရိကဖလားကိုသာ ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါဖလားဆွတ်ခူးခဲ့တဲ့ ဂျော်ဂျင်ဟိုက ပိုမိုထိုက်တန်တယ်ဆိုတဲ့ အယူအဆတွေလည်းရှိနေချိန်မှာ မက်ဆီက သူ့သဘောထားကို ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။
" ၇ ကြိမ်မြောက်ဆိုတာက တကယ်ကို ရူးသွပ်ချင်စရာပါ၊ ဒါပေမယ့် ဖြစ်မလာနိုင်ပါဘူး၊ ကျွန်တော့်ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ပြီးပါပြီ၊ ဒီအတွက်ကြောင့်လည်း ဖြစ်ပျက်ခဲ့သမျှတွေအတွက် အရမ်းပျော်ရွှင်နေခဲ့ပြီး အခု ဘာတွေပဲဖြစ်လာဖြစ်လာပါ" လို့ မက်ဆီက SPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။
မက်ဆီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး အသင်းသစ်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး ရရှိထားပါတယ်။