ယူနိုက်တက်ပရိသတ်တွေဟာ ကိုပင်ဟေဂင်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသပေါက်ကွဲနေကြောင်း သိရှိရပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်း အနီကတ်နဲ့အတူ ပွဲအပြီးမှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်က ဟို့ဂျ်လန်းရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် (၄၂) မိနစ်မှာ ရပ်ရှ်ဖို့ဒ်က တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ရပ်ရှ်ဖို့ဒ်က ပြိုင်ဘက်ရဲ့ ခြေထောက်ကို နင်းမိခဲ့တာကြောင့် အခုလိုမျိုးပဲ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါပေမယ့်လည်း ယူအီးအက်ဖ်အေကတော့ ရပ်ရှ်ဖို့ဒ်က ပြိုင်ဘက်ကို တံတောင်နဲ့ ရိုက်မိခဲ့တာကြောင့် အခုလို အထုတ်ခံခဲ့ရတာလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် လှောင်ပြောင်စရာဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ကိုပင်ဟေဂင်ရဲ့ ပထမဂိုးကလည်း မပေးသင့်တဲ့ဂိုးလို့ ယူနိုက်တက်ပရိသတ်အချို့က ယူဆနေပါတယ်။ အယ်လ်ယွန်နက်ဆီ ဂိုးပေါက်ကို ကန်သွင်းချိန်မှာ ကိုပင်ဟေဂင် ကစားသမားတစ်ယောက်က အိုနာနာရဲ့ ရှေ့တည့်တည့်မှာ ပိတ်နေတာပါ။
အဆိုပါ ကစားသမားဟာ လူကျွံအနေအထားမှာလည်း ရှိနေပြီး အိုနာနာရဲ့ မြင်ကွင်းကို နှောင့်ယှက်ခဲ့တာကြောင့် ဒီသွင်းဂိုးကို ခွင့်မပြုသင့်ဘူးလို့ ဝေဖန်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ကတော့ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့် တက်ဖို့ ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။