မြောက်ကိုရီးယားဘက်က တောင်ဆိုးချက်တွေကြောင့် ဆွေးနွေးမှုများ မစတင်ရသေးဘူးလို့ ဆိုပါတယ်

ကိုရီးယားစစ်ပွဲ တရားဝင်ပြီးဆုံးကြောင်း ကြေညာရန် မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံ၊ အမေရိကန်နဲ့ တရုတ်တို့ မူအားဖြင့် သဘောတူညီမှုရှိထားကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

(ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်းတို့ကို နှစ်နိုင်ငံနယ်စပ်မျဥ်းမှာ တွေ့ရစဥ်) (Photo: AP)

သို့သော် မြောက်ကိုရီးယားဘက်က တောင်ဆိုးချက်တွေကြောင့် ဆွေးနွေးမှုများ မစတင်ရသေးဘူးလို့ မွန်ဂျေအင်းက ဆိုပါတယ်။ ၁၉၅၀ ပြည်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ နှစ်ဘက်သဘောတူညီမှုအရ စစ်ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး သဘောတူစာချုပ်မရှိခဲ့ပါဘူး။



ထိုအခြေအနေအရ တရုတ်နဲ့ အမေရိကန်တို့က အသီးသီး ကျောထောက်နောက်ခံပြုထားကြတဲ့ မြောက်နဲ့တောင် ကိုရီးယားနှစ်နိုင်ငံဟာ စစ်ပွဲမှာရှိနေဆဲဖြစ်ပြီး တင်းမာတဲ့ဆက်ဆံရေးဖြင့် ရပ်တည်နေခဲ့ကြပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ဩစတြေးလျကိုရောက်ရှိနေစဥ် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး ထိုသို့ပြောကြားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(ကိုရီးယားစစ်ပွဲအတွင်း မြင်ကွင်းတစ်ခု) (Photo: Getty Images)

၁၉၅၀ ပြည့်နှစ် ဇွန်လအတွင်း မြောက်ကိုရီးယားတပ်ဖွဲ့အင်အား ၇၅,၀၀၀ က နှစ်နိုင်ငံနယ်စပ်ကို ကျူးကျော်ဝင်ရောက်ခဲ့မှုနဲ့အတူ ကိုရီးယားစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက တောင်ကိုရီးယားကို ကူညီထောက်ပံ့ပြီး စစ်ပွဲမှာပါဝင်ခဲ့ကာ တရုတ်နဲ့ ဆိုဗီယက်ပြည်ထောင်စုက ကူညီခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ပြန်တိုက်ထုတ်ခဲ့ပါတယ်။

၁၉၅၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား သဘောတူလက်မှတ်ရေးထိုးပြီး စစ်ပွဲရပ်ဆိုင်းခဲ့ကြပါတယ်။ ၃ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း စစ်သားနဲ့ အရပ်သား ၅ သန်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Share

က္က