ရော်နယ်ဒိုကို ဝေဖန်နေကြတာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ အယ်လ်ရှာဘတ်ကို အနိုင်ရရှိခဲ့တဲ့ AFC ချန်ပီယံလိဂ် ပလေးအော့ဖ်ပွဲမှာ အသင်းဖော် ဂိုးသွင်းတာကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပေမယ့် အယ်လ်နာဆာကတော့ ၄-၂ ဂိုးနဲ့ အနိုင်ရရှိကာ AFC ချန်ပီယံလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။



ဒါ့အပြင် ဒီပွဲမှာ ရော်နယ်ဒိုက သူရသင့်ရထိုက်တဲ့ ပင်နယ်တီနှစ်လုံးကို ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့တာကြောင့်လည်း ပွဲအပြီးမှာ ဒေါသပေါက်ကွဲခဲ့ပါတယ်။ အခုချိန်မှာတော့ နောက်ထပ် မှတ်တမ်းတစ်ခုက ပေါ်ထွက်လာခဲ့ပြီး ရော်နယ်ဒိုကို စွပ်စွဲပြောဆိုနေကြတာပါ။


ဒီပွဲမှာ အယ်လ်နာဆာအတွက် တာလီစကာကလည်း နောက်ဆုံးမိနစ်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးသွင်းယူချိန်မှာ ရော်နယ်ဒိုက စည်းကြပ်ဒိုင်ထံ လက်မြှောက်ပြကာ လူကျွံကြောင်း အချက်ပြခဲ့တယ်လို့ ဝေဖန်နေကြတာပါ။ ‌ရော်နယ်ဒိုတစ်ယောက် ဘယ်လိုမျိုး ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး လုပ်ခဲ့တယ်ဆိုတာကို မသိနိုင်ပေမယ့် ပရိသတ်တွေကတော့ သူ့ကို ဝေဖန်နေကြပါပြီ။

ပရိသတ်တွေက “ရော်နယ်ဒိုက သူ့အသင်းဖော်ရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးကိုတောင်မှ လူကျွံတယ်ပြောနေပါတယ်” “မယုံနိုင်စရာပဲ။ ရော်နယ်ဒိုက သူ့အသင်းဖော် အနိုင်ဂိုးသွင်းတာကိုတောင်မှ မနာလိုဖြစ်နေပါပြီ” “ရော်နယ်ဒိုက အသင်းဖော် ဂိုးသွင်းတာကို မပျော်နိုင်တဲ့အပြင် လူကျွံတယ်တောင် လုပ်နေပါတယ်” လို့ ဝေဖန်စွပ်စွဲနေကြပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒီလိုမျိုး ရည်ရွယ်ချက်ရှိခဲ့ဟန် မတူဘဲ တာလီစကာနဲ့အတူတူ အောင်ပွဲခံသွားခဲ့ပါတယ်။ အယ်လ်နာဆာဟာ လာမယ့် သောကြာနေ့မှာတော့ အယ်လ်ဖာတက်နဲ့ ဆော်ဒီလိဂ်ပွဲစဉ်အဖြစ် ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာပါ။ 

Share

Loading Next Article...
က္က